ဇူလိုင်လအတွင်း  ဗဟိုဘဏ်က ရောင်းချခဲ့သည်မှာ ကန်ဒေါ်လာ သိန်း ၃၆၀ ရှိသွားပြီ


29 July, 2021

ယနေ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၄၅ ကျပ် ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း  ဗဟိုဘဏ်က ရောင်းချခဲ့သည့် ပမာဏ စုစုပေါင်းမှာ ကန်ဒေါ်လာ သိန်း ၃၆၀ ရှိသွားပြီ ဖြစ်သည်။
ထိုသို့ ရောင်းချနေသော်လည်း ဒေါ်လာဈေးမှာ နေ့စဉ် တက်ရိပ်ဆက်ရှိနေဆဲဖြစ်သည်။ 

ယခုဇူလိုင်လအတွင်း အရောင်းစာရင်း 

  • ဇူလိုင်လ ၅ ရက်တွင် ကန်ဒေါ်လာ သိန်း ၃၀ ကို ပျမ်းမျှ ငွေလဲနှုန်း ၁၆၂၅ ကျပ်ဖြင့် လည်းကောင်း၊
  • ဇူလိုင်လ ၆ ရက်တွင် ကန်ဒေါ်လာ သိန်း ၃၀ ကို ပျမ်းမျှ ငွေလဲနှုန်း ၁၆၃၀ ကျပ်ဖြင့် လည်းကောင်း ထပ်မံရောင်းချခဲ့ပြီး
  • ဇူလိုင်လ ၇ ရက်တွင်လည်း နောက်ထပ် ကန်ဒေါ်လာ သိန်း ၃၀ ကို ပျမ်းမျှ ငွေလဲနှုန်း ၁၆၄၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။
  • ဇူလိုင်လ ၈ ရက်တွင် ဗဟိုဘဏ်က ကန်ဒေါ်လာ သိန်း ၆၀ ကို ပျမ်းမျှငွေလဲနှုန်း ၁၆၄၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။
  • ဇူလိုင်လ ၁၄ ရက်နေ့တွင်  အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၃၀ ကျပ် ဖြစ်သည်။
  • ဇူလိုင်လ ၁၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၃၅ ကျပ် ဖြစ်သည် ။
  • ဇူလိုင်လ ၁၆ ရက်နေ့တွင်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၃၆ ကျပ် ဖြစ်သည်။
  • ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၄၀ ကျပ် ဖြစ်သည် ။
  • ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၄၀ ကျပ် ဖြစ်သည်။
  •  ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၄၅ ကျပ် ဖြစ်သည်။
  • ဇူလိုင်လ ၂၉ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၄၅ ကျပ် ဖြစ်သည်။
Banking & Loan Read 709 times