မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ဘဏ်ဖွင့်ရက် ၃ ရက်မှာ ဗဟိုဘဏ် ဒေါ်လာ သိန်း ၁၁၀ ဝယ်ယူခဲ့သည်။ ၁၁ ရက် သောကြာနေ့တွင် အမေရိကန်ဒေါ်လာ ၃၄ သိန်း ကို ၁ ဒေါ်လာ ၁၃၃၅ ကျပ်နှုန်းဖြင့်လည်းကောင်း
၁၄ ရက် တနင်္လာနေ့တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို ၁ ဒေါ်လာ ၁၃၃၂ ဒသမ ၁ကျပ်နှုန်းဖြင့်လည်းကောင်း
၁၄ ရက် တနင်္လာနေ့တွင် အမေရိကန်ဒေါ်လာ သိန်း ကို ၁ ဒေါ်လာ ၁၃၃၂ ကျပ်နှုန်းဖြင့်လည်းကောင်း
ဝယ်ယူခဲ့ရာ ၃ ရက်တာအတွင်း ဝယ်ယူသည့် ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သိန်း ၁၁၀ ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာ ၃ဒသမ၈သန်းအား နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့်ဝယ်ယူခဲ့သည်။
အမေရိကန် ဒေါ်လာသည် ၁၃၄၁ ကျပ်မှ ကျပ် ၁၃၃၀ အထိ တစ်ရက်အတွင်း ၁၁ ကျပ်ပြုတ်ကျခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေးဦးသန်းလွင်က “အမေရိကန်ဒေါ်လာဈေးက ဒီနေ့ အကျကြမ်းတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်ဗဟိုဘဏ်က ဝယ်ယူတာဖြစ်တယ်။ ဗဟိုဘဏ်ဝယ်ယူပြီးတော့မှ နှစ်ကျပ် လောက်ပြန်တက်လာတာ။’’ ဟု ဆင်ဟွာသို့ ပြောသည်။
CBM, Xinhua