နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်နေခြင်းနှင့်ပတ်သတ်၍ ဆောင်ရွက်ထားရှိမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၏ ဖြေကြားချက်• အမေရိကန်ဒေါ်လာ ဈေးနှုန်း ပြီးခဲ့သည့် ၆ လ အတွင်း တန်ဖိုးတက် အခြားနိုင်ငံများရဲ့ နိုင်ငံသုံးငွေကို ကန်ဒေါ်လာနှင့် ယှဉ်ပါက တန်ဖိုးကျ မြန်မာနိုင်ငံ အပါအဝင် ဖြစ်သည်။
အများဆုံးကျသည့်နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင် ၁၂% ၁၃% ကျဆင်းဒုတိယနေရာတွင် တရုတ်နိုင်ငံ ရှိနေပြီး ၉/% ကျော် ကျဆင်း ပျမ်းမျှအားဖြင့် ကမ္ဘာ့နိုင်ငံသုံးငွေများ၏ တန်ဖိုးသည် ကန်ဒေါ်လာနှင့် ယှဉ်လျှင် ၆% ဝန်းကျင် ကျဆင်း မြန်မာနိုင်ငံသုံးငွေ တန်ဖိုးကျရသည်မှာ
ပထမအချက်မှာ ကန်ဒေါ်လာ တန်ဖိုးတက်ခြင်းဒုတိယအချက်မှာ ပို့ကုန်တန်ဖိုးပမာဏက သွင်းကုန်တန်ဖိုးပမာဏထက် လျော့နည်းနေ ကုန်သွယ်ရေး လိုငွေပြ ထိုအချက်တို့ကို ဗဟိုဘဏ်မှ ဝင်ရောက်လုပ်ကိုင်ပေးမည် မဟုတ် ပြည်တွင်းဈေးကွက်ထဲသု့ိ ဗဟိုဘဏ်က ဒေါ်လာများ ရောင်းချခဲ့သော်လည်း ကွာဟချက် ကြီးမားနေသဖြင့် ထိရောက်မှု နည်းပါ။
ပထမအသုတ် ၂၆ ရက်နေ့မှစ၍ တစ်နေ့ ဒေါ်လာ တစ်သိန်းဖြင့် ၁၃ ရက် ရောင်းချခဲ့။ ၁၅ ရက်နေ့က ၁ ဒဿမ ၆၅ သန်းရောင်းချခဲ့ပြီး ယနေ့ သြဂုတ် ၁၆ ရက် ဒေါ်လာ ၄ သန်း ရောင်းချခဲ့။
ထိုသို့ ရောင်းချသော်လည်း ဈေးကစားသူများ ရှိနေသဖြင့် ဈေးကွက်က တောင့်ခံထား နောက်ထပ် currency swap အစီအစဉ်သစ်မှာ ကျပ်ငွေ အပေါင်ပေးထားပြီး ဒေါ်လာ ရယူနိုင် သဘောတူထားသည့် သတ်မှတ်ကာလပြီးဆုံးလျှင် ယူထားသည့် ဒေါ်လာများကို ပြန်လည်ပေးဆပ်ရမည်။
သို့ဖြစ်ရာ လေလံဖြင့် ရောင်းလျှင် foreign exchange reserve လျော့ကျသဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ရသော်လည်း အစီအစဉ်သစ်တွင် foreign exchange reserve ထဲ နိုင်ငံခြားငွေများ ပြန်ဝင်လာမည်။
ပြန်မဆပ်ခဲ့လျှင် ဆုံးရှုံးမည့်အရေး ရှိသော်လည်း လုပ်ကိုင်ပေးသွားမည် လောလောဆယ် ဈေးမတည်ငြိမ်သေးသဖြင့် အနည်ထိုင်မည့် ဈေးနှုန်းကို မသိနိုင်သေးသော်လည်း ဈေးငြိမ်သွားပါက လက်ရှိဈေးနှုန်းထက် လျော့နည်းသော ဈေးနှုန်းတွင် အနည်ထိုင်သွားမည်။
Mrtv myanmar