ယွမ်အားပျော့နေခြင်း နှေးရန် တရုတ်ဗဟိုဘဏ် ချိန်ညှိ


28 April, 2022

ယွမ်အားပျော့နေခြင်း နှေးရန် တရုတ်ဗဟိုဘဏ် ချိန်ညှိ

 

အမေရိကန်ဒေါ်လာ အားကောင်းလာတာကြောင့် တရုတ်ယွမ်ငွေရဲ့ ဒေါ်လာငွေလဲနှုန်း ယခုလမှာ ၃% ခန့်ကျဆင်းသွားတယ်။ အကျနှုန်းမြန်နေတာကို နှေးသွားစေဖို့အတွက် တရုတ်နိုင်ငံ ဗဟိုဘဏ် ဖြစ်တဲ့ the Peoples Bank of China PBOC က နိုင်ငံခြားသုံးငွေ ဘဏ်အပ်နှံ‌ေငွအတွက် အရန်ငွေ ထားရှိမှု ပမာဏအချိုးအစားကို ၁% လျှော့ချပြီး ၈% လို့ ဧပြီလ ၂၅ ရက် တနင်္လာနေ့ညနေမှာ ပြင်ဆင်သတ်မှတ်လိုက်ပြီးမေလ ၁၅ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ 

PBOC က ယွမ်-ဒေါ်လာ ငွေလဲနှုန်းကို ဘဏ်ဖွက့်ရက်များမှာ နေ့စဉ်သတ်မှတ်ပေးတာမှာ ဧပြီလ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ 6.5598 လို့ ယွမ်ကို တန်ဖိုးလျှော့ချ သတ်မှတ်ပေးလိုက်ပါတယ် ၂၀၂၁ ဧပြီလ နောက်ပိုင်း ယွမ်တန်ဖိုး အကျဆုံး သတ်မှတ်ချက် ဖြစ်ပါတယ်။
အလယ်မှတ် midpoint သတ်မှတ်ချက် ဖြစ်ပြီး ငွေကြေး ရောင်းဝယ်လဲလှယ်တဲ့အခါ ဈေးကွက်အခြေအနေအရ ±2% အတိုးအဆုတ် ပြုခွင့်ပေးပါတယ်။ 
ယွမ် ပြည်တွင်း (onshore) အရောင်းအဝယ်ကို ပြည်မမှာ လုပ်ဆောင်ကြပြီး ပြည်ပ (offshore) ကိုတော့ အဓိကအားဖြင့် ဟောင်ကောင်ဈေးကွက်မှာ လုပ်ကိုင်ကြပါတယ်။
ယွမ်ပြည်ပရောင်းဝယ်မှုမှာ ဒေါ်လာနှင့် ငွေလဲနှုန်း တနင်္လာနေ့မှာ 6.60 အထိ ကျဆင်းခဲ့ပါတယ်။

အခုလို ရာခိုင်နှုန်း လျှော့ချတဲ့အတွက် ဘဏ်တွေမှာ နိုင်ငံခြားငွေ ကိုင်ထားဖို့ လိုအပ်တဲ့ ပမာဏ လျော့ကျသွားတဲ့အတွက် ယွမ်ကို အားနည်းစေမယ့် ဖိအား လျော့ကျသွားပါတယ်။


 PBOC က ယွမ်ရဲ့ ငွေလဲနှုန်းမှာ ယွမ်တန်ဖိုး တက်တာ မြန်လာရင် နှေးသွားအောင် နိုင်ငံခြားသုံးငွေ အရန်ထားရှိရမယ့် ပမာဏ အချိုးအစားသတ်မှတ်ချက်မှာ ရာခိုင်နှုန်း တိုးမြှင့်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ နှစ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

မြို့ကြီးများမှာ ကိုဗစ်ကူးစက်မှု တာဆီးရန် အကန့်အသတ်မရှိ လော့ဒေါင်းချတာကြောင့် တရုတ်နိုင်ငံ စီးပွားရေး နှေးကွေးလေးလံနေပါတယ်။ 

 

 

‌မြို့တော် ဘေဂျင်းမှာ အချိန်မရွေး လော့ဒေါင်းချခံရနိုင်တာကြောင့် အလုအယက် ဈေးဝယ်နေကြရပါတယ်။
ရှန်ဟိုင်းတွင် ကြာရှည်စွာ တက်လက်၍  လော့ဒေါင်း ချထားခြင်းနှင့် ဘေဂျင်းတွင်  Covid ဖြစ်ပွားမှုအသစ်များ မြင့်တက်လာခြင်းကြောင့် မသေချာမရေရာမှုများ မြင့်မားနေဆဲဖြစ်တယ်လို့ Goldman Sachs က ဆန်းစစ်သုံးသပ်ပါတယ်။

 

ယွမ်တန်ဖိုးကျရသည့်အကြောင်းများ  ဆက်စပ်ဖတ်ရှုရန် 

ပြည်ပရောက်ယွမ် ဒေါ်လာနှင့် ငွေလဲနှုန်း တန်ဖိုးထိုးကျသော်လည်း ကြံ့ကြံ့ခံနိုင်မည်ဟုဆို

 

Banking & Loan Read 1500 times