အာရှဗဟိုဘဏ်များ အတိုးနှုန်းထက် နိုင်ငံခြားသုံးငွေ အရန်ငွေကို ပိုအားထား


07 August, 2022

အာရှဗဟိုဘဏ်များ အတိုးနှုန်းထက် နိုင်ငံခြားသုံးငွေ အရန်ငွေကို ပိုအားထား

အာရှမှ ထွန်းသစ်စနိုင်ငံစီးပွားရေးများမှာ ဗဟိုဘဏ်များက နိုင်ငံသုံးငွေ ကန်ဒေါ်လာနှင့် လဲနှုန်းတွင် တန်ဖိုးကျဆင်းခြင်းကို အကျမနာအောင် ထိန်းဖို့  အတိုးနှုန်းတက်ခြင်းထက်  ကြီးမားသော နိုင်ငံခြားငွေအရန်ငွေကို ထုတ်သုံးတဲ့ နည်းလမ်းကို အားကိုးကြပါတယ်။

ထိုင်း၊ အိန္ဒိယနှင့် ကိုရီးယားတို့မှာ နိုင်ငံသုံးငွေကြေး ကျဆင်းမှုကို တားဆီးရန် ဒေါ်လာကို ရောင်းချကြခြင်းကြောင့် ယခုနှစ်အတွင်း ၎င်းတို့ရဲ့ နိုင်ငံခြားသုံးငေွ အရန်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၅ ဘီလီယံ ကျဆင်းသွားခဲ့ပါတယ်။

 

အာရှရှိ ဗဟိုဘဏ်အများစုသည် အတိုးနှုန်းထားများကို မြှင့်တင်ကြပါတယ်။ ယခုလို မြှင့်တင်တာဟာ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း အကြိမ်ကြိမ် မြှင့်တင်တာကို လိုက်ညှိဖို့ ဆွဲတင်ကြတာ မဟုတ်ဘဲ ငွေဖောင်းပွမှုကို ဖိချနိုင်ဖို့ ရည်ရွယ်ပါတယ်။ 

ဒေသတွင်းမျှော်လင့်ချက်မှာ အတိုးနှုန်း မြင့်တက်တာကြောင့် စီးပွားရေး ပြောင်းပြန်လည်ပြီး အကျဘက် ရောက်မသွားစေဘဲ  ကုန်စျေးနှုန်းတက်နေခြင်းအပေါ် ထိန်းကွပ်ထားနိုင်စေရန် နည်းနည်းချင်း ဖြည်းဖြည်းချင်း အတိုးနှုန်းကို မြှင့်တင်ပါတယ်။ 

ဒေါ်လာနှင့် လဲနှုန်းမှာ နိုင်ငံသုံးငွေ တန်ဖိုးကျရင် ပို့ကုန်တွေ ဈေးနှုန်းအရ ယှဉ်ပြိင်မှု အားသာချက် ရရှိပြီး သွင်းကုန်တွေကိုတော့ ကုန်ဈေးနှုန်း မြင့်တက်စေပါတယ်။ 

"နိုင်ငံခြားသုံးငွေ အရန်ငွေများ စုဆောင်းထားပြီးသား ဖြစ်နေတာကို အသုံးချကြတယ်။ နိုင်ငံသုံးငွေ တန်ဖိုးကို အရန်ငွေ ထုတ်ရောင်းပြီး ကျောထောက်နောက်ခံပြုထားရင်း သွင်းကုန် ကုန်ဈေးနှုန်း တက်တာကို ထိန်းပေးထားကြတယ်" လို့ စင်ကာပူနိုင်ငံရှိ Mizuho Bank Ltd မှ စီးပွားရေးနှင့် မဟာဗျူဟာဌာနမှူး Vishnu Varathan က ပြောကြားပါတယ်။


အာရှဒေသတွင်းမှာ အကြီးမားဆုဲး ထွန်းသစ်စဈေးကွက်နှင့် အရန်ငွေ အများဆုံး ရှိနေတဲ့ တရုတ်နိုင်ငံက ဒေသတွင်းမှာ တစ်မူခြားနားတဲ့ လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေပါတယ်။ အရန်ငွေ ယခုနှစ်မှာ ကန်ဒေါ်လာ ၁၇၉ ဘီလီယံ လျော့ကျပြီး ကန်ဒေါ်လာ ၃.၀၇ ထရီလီယံ ကျန်ပါတယ်။ ဗဟိုဘဏ်က အချို့သော အခရာကျတဲ့ ချေးငွေများအတွက် အတိုးနှုန်းထား လျှော့ချပေးပြီး ကိုဗစ် သုည မူဝါဒကြောင့် စီးပွားရေး ထိခိုက်တာကို ထေမိဖို့ ကြိုးပမ်းပါတယ်။

 

“အာရှဗဟိုဘဏ် အများအပြားက အရင်းအနှီးဝင်ရောက်မှုနှင့် အမေရိကန်အတိုးနှုန်းနိမ့်သည့်ကာလများအတွင်း နိုင်ငံခြားအရန်ငွေများကို စုဆောင်းထားရှိပြီး ယင်းကို ယခုအချိန်တွင် ထုတ်သုံးနိုင်‌နေစေပါတယ်” လို့ Maybank Investment Banking Group မှ ‌ေဘာဂဗေဒပညာရှင် Chua Hak Bin က ပြောကြားပါတယ်။ 

"ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်းဟာ စီးပွားရေးအနာဂတ်ယုံကြည်မှုကို ကောင်းစေဖို့အတွက် အရေးပါတဲ့အပြင် အထူးသဖြင့် အသေးစားလုပ်ငန်းများ၊ ပိုဖွင့်ပေးထားတဲ့ နိုင်ငံစီးပွားရေးများ၊ ပြီးတော့ ပြည်ပပို့ကုန် လုပ်ငန်းရှင်များအတွက် စိုးရိမ်ကြောင့်ကြရမှု လျော့နည်းစေပါတယ်" လို့ ၎င်းက ပြောကြားပါတယ်။

 အမေရိကန်ဒေါ်လာ မြင့်တက်ပြီး မာနေတာကြောင့် ဖြစ်ပေါ်နေတဲ့ ရိုက်ခတ်မှုမှ ကင်းလွတ်တဲ့ နိုင်ငံစီးပွားရေး မရှိသလောက် ဖြစ်ပေမဲ့ နှိုင်းယှဉ်ကြည့်လျှင် အာရှမှ နိုင်ငံသုံးငွေအချို့ဟာ ထိန်းထားနိုင်ကြပါတယ်။ မူဝါဒအရ အတိုးနှုန်းဖြင့် ခပ်ပြင်းပြင်း ခပ်မြန်မြန် တွန်းတင်တာ မပြုကြဘဲ နှေးပြီး ခပ်ပါးပါး ဖြင့်သာ အတိုးနှုန်း မြင့်တက်ကြတာ ဖြစ်နေသော်လည်း နိုင်ငံသုံးငွေတန်ဖိုး ရုတ်တရက်ထိုးမကျအောင် ထိန်းထားနိုင်ကြပါတယ်။

အိန္ဒိယက ၎င်းရဲ့ အခြေခံအတိုးနှုန်းကို ဒသမ ၉၀  မျှသာ မြှင့်တင်ပေးပြီး ယခုနှစ်အတွင်း အရန်ငွေကို ကန်ဒေါ်လာ ၆၂ ဘီလီယံ ထုတ်ရောင်းပါတယ်။ ဗဟိုဘဏ်ဖြစ်တဲ့ Reserve Bank of India က အတိုးနှုန်းကို နောက်ထပ် တိုးမြှင့်ဦးမယ် ဆိုရင်လည်း အမေရိကန် ပြည်ထောင်စု ရန်ပုံငွေမှ မြှင့်တင်ခဲ့တဲ့ ၂၂၅ အထိတော့ မရောက်နိုက်ပါဘူး။ ရူပီကတော့ စံချိန်တင် ဈေးကျပေမဲ့ အခြေအနေ ကောင်းနေပါတယ်။ 

တောင်ကိုရီးယားက လွန်ခဲ့တဲ့ ၁၂ လက အတိုးနှုန်းများ စတိုးခဲ့ပေမဲ့ ယခုနှစ်မှာတော့ ပြည်ထောင်စု ရန်ပုံငွေ အတိုးနှုန်းကို မီအောင် မလိုက်ဘဲ နောက်ချန် ကျန်ရစ်ပါတယ်။ ရန်ပုံငွေ ကန်ဒေါ်လာ ၂၅ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ၂၀၂၂ ဇန်နဝါရီလ နောက်ပိုင်း ဝမ်တန်ဖိုး ကမ်ဒေါ်လာလဲနှုန်းတွင် ၉% ကျော် ကျဆင်းပါတယ်။ ၂၀၀၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး စံချိန်သစ် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဘတ်ငွေတန်ဖိုး ထိန်းပေးဖို့ အရံငွေ ကန်ဒေါ်လာ ၂၈ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ဘတ်တန်ဖိုး ၈% ကျဆင်းခဲ့ပါတယ်။ ၂၀၀၆ နောက်ပိုင်း အနိမ့်ဆုံး စံချိန်သစ် ဖြစ်ပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့သည်လည်း  ယခုနှစ်အတွင်း ၎င်းတို့ရဲ့ အရန်ငွေများ လျော့နည်းကျဆင်းသွားပါတယ်။

 

အရန်ငွေကို အမေရိကန်ဒေါ်လာ တစ်မျိုးတည်းဖြင့် ထားရှိကြတာ မဟုတ်တဲ့အတွက် အရန်ငွေအဖြစ် ထားရှိတဲ့ ငွေကြေးများ ကန်ဒေါ်လာ ငွေလဲနှုန်းမှာ တန်ဖိုးကျတဲ့အတွက်လည်း အရန်ငွေ စုစုပေါင်းပမာဏကို ကန်ဒေါ်လာဖြင့် တွက်ချက်အဖြေထုတ်တဲ့အခါ စုစုပေါင်း ပမာဏ လျော့ကျပါတယ်။


မူဝါဒကိုင်တွယ်သူများက အရန်ငွေ ထုတ်ရောင်းခြင်း၊ အတိုးနှုန်း မြှင့်တင်ခြင်းအပြင် အခြားနည်းလမ်းများကိုလည်း ကျင့်သုံးကြပါတယ်။ ဥပမာအားဖြင့် Reserve Bank of India က ကန်ဒေါ်လာ စီးဝင်လာစေဖို့ စည်းကမ်းများ ဖြေလျော့ပေးပါတယ်။ 
“အတိုးနှုန်း မြှင်တင်ရုံမျှဖြင့် ငွေကြေးကို ကာကွယ်ပေးတာဟာ အခါခပ်သိမ်း  အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် ဗဟိုဘဏ်တွေဟာ နိုင်ငံသုံးငွေ တန်ဖိုးကျဆင်းတာကို အတိုင်းအတာ တစ်ခုအထိ လက်ခံခွင့်ပြုပေးပါတယ်။ နိုင်ငံခြားသုံးငွေ ရန်ပုံငွေ တိုးလာအောင်လည်း တစ်ဘက်တစ်လမ်းမှ လုပ်ဆောင်ကြပါတယ်" လို့ Nomura Holdings Inc. မှ အိန္ဒိယနှင့် အာရှဆိုင်ရာဘောဂဗေဒ ဌာနမှူး Sonal Varma က ပြောကြားပါတယ်။

#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U
Source: BloomberNews

Banking & Loan Read 3120 times