စီအီးအိုများနှင့်ထရန့်ပ်တွေ့ဆုံလျှင် စမူဆာ မှာကျွေးဖို့ လိုမည်ဟု အရွှန်းဖောက်


01 August, 2020

IBM နှင့်နှစ်ပေါင်း ၃၀ လုံးလုံးတွဲဖက်လုပ်ကိုင် အမှုဆောင်အရာရှိချုပ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ သူကဧပြီလ ၆ ရက်နေ့မှာ တာဝန်စတင်ရယူခဲ့သည်။ အိန္ဒိယနိုင်ငံ ဇာတိဖြစ်သော Krishna သည် IBM ၏ပထမဆုံးအမျိုးသမီးအမှုဆောင်အရာရှိချုပ် Ginni Rometty ကိုအစားထိုးလိမ့်မည်။ သူသည် အနှစ် ၄၀ အကြာတွင် အနားယူတော့မည်ဖြစ်သည်။

ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်နှင့် အိုင်ဘီအမ် တို့ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာနည်းပညာကုမ္ပဏီများသည် သူတို့၏ စီးပွားရေးလုပ်ငန်းများကို မောင်းနှင်ရန်အတွက် အိန္ဒိယမှ ဆင်းသက်လာသော စီမံခန့်သူများပေါ်တွင် အားကိုးအထား ပြုလာကြသည့် အစဉ်အလာ ဖြစ်ထွန်းနေသည်ကို တွေ့ရသည်။

ထိုသို့ အိန္ဒိယဇာတိဖွားများကို စီအီးအို ခန့်အပ်ကြခြင်းအပေါ်  Anand Mahindra က တွစ်တာတွင် အရွှန်းဖောက်သည့်စကားကို တင်ခဲ့သည်။ အမေရိကန် သမ္မတ Donald Trump သည် နည်းပညာလုပ်ငန်းကြီးများမှာ စီအီးအိုများကို အိမ်ဖြူတော်သို့ ခေါ်ယူပြီး အစည်းအဝေးကျင်းပခဲ့ဖူးပေရာ နောက်တစ်ကြိမ် စီအီးအို အစည်းအဝေး ခေါ်ယူမည်ဆိုပါက ဟမ်ဘာဂါအစား စမူဆာဖြင့် တည်းခင်းဧည့်ခံရမည် ဟူ၏။

 

IBM  သည် အမေရိကန်နိုင်ငံတွင် သက်တမ်းအရင့်ကြာဆုံး နည်းပညာကုမ္ပဏီများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ IBM ၏ ပထမဆုံး အမျိုးသမီး  စီအီးအို Ginni Rometty  အနှစ် ၄၀ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အိန္ဒိယဇာတိ Krishna က ပခုံးပြောင်းတာဝန်ယူမည် ဖြစ်သည်။ သူသည် ဘာမှ မစရသေးသည့်အဆင့်မှ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံတန်သည့် hybrid cloud business ကို IBM  တွင် တည်ဆောက်ပေးခဲ့သူ ဖြစ်သည်။ ထိုသို့ တည်ဆောက်ရာ၌ ကုမ္ပဏီ ၆၅ ခုကို ဝယ်ယူသိမ်းပိုက်ခဲ့သည်။

Anand Mahindra က ပြက်လုံးထုတ်သည်မှာ အကြောင်းခိုင်လုံသည်။ Sundar Pichai သည် Google ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet Inc ၏ စီအီးအို အပါအဝင် အိန္ဒိယဇာတိဖွား စီအီးအိုများ အစီအရီ တသီတတန်းတို့သည် အမေရိကန် ကော်ပိုရိတ်ကြီးများတွင် လုပ်ကိုင်လျက် ရှိကြသည်မှာ ငြင်းမရချေ။ 

အကယ်စင်စစ် နည်းပညာနယ်ပယ်တွင်သာ အိန္ဒိယဇာတိဖွားများ စီအီးအို ခန့်အပ်ခံကြရခြင်း မဟုတ်ချေ။

တစ်ကမ္ဘာလုံး ဖြန့်ကျက် လုပ်ကိုင်နေသော ကုမ္ပဏီကြီးများတွင် စီအီးအို တာဝန်ယူထားသော အိန္ဒိယဇာတိဖွားစာရင်းမှာ ရှည်လျားနေသည်မှာ အမှန်ပင် ဖြစ်သည်။ 

 Vikram Pandit (Citigroup), 

Vivek Sankaran (Albertsons), 

Sanjay Mehrotra (Micron Technology), 

Ajaypal Singh Banga (MasterCard), 

Shantanu Narayan (Adobe Inc.), 

Dinesh Paliwal (Harman International Industries); 

Satya Narayana Nadella (Microsoft), 

Rajeev Suri (Nokia), 

Punit Renjen (Deloitte), 

Vasant “Vas” Narasimhan (Novartis),

 Ivan Manuel Menezes (Diageo), 

Niraj S. Shah (Wayfair), 

George Kurian (NetApp), 

 Nikesh Arora (Palo Alto Networks)

အစရှိသူတို့မှာ ထင်ရှားသူများ ဖြစ်ကြသည်။ 

ထို့ကြောင့်လည်း စီအီးအိုများနှင့်ထရန့်ပ်တွေ့ဆုံလျှင် စမူဆာ မှာကျွေးဖို့ လိုမည်ဟု အရွှန်းဖောက် လိုက်ခြင်း ဖြစ်ပေတော့သည်။

Global News Read 775 times