ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (CO Form) ကို online မှတစ်ဆင့် ထုတ်ပေးမည်


22 April, 2019

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) ကို ထုတ်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အသင်းချုပ်မှ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ CO Form စီစစ်ခွင့်ပြုထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို Semi Online စနစ်မှ Fully Online Electronic CO စနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် eCO System Software ကို ရေးဆွဲပြီးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Fully Online Electronic System အား မေလ ( ၁ ) ရက်နေ့တွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။

ပုဂ္ဂလိကကဏ္ဍမှ စနစ်သစ်တစ်ရပ်အနေဖြင့် စတင်အကောင်ထည်ဖော်ဆောင်မယ့် Fully Online Electronic CO System ကို ပိုမိုသိရှိနားလည်ကာ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် သိရှိသင့်တဲ့ အကြောင်းအရာအချက်အလက်များအား ရှင်းလင်းပြသပေးမယ့် အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားကို ဧပြီလ ( ၂၄ ) ရက်နေ့မှာ နံနက် ၉ း ၀၀ နာရီမှ နေ့လည် ၁၂ း ၀၀ ထိ ပြုလုပ်မှာ ဖြစ်ပြီး ပထမထပ်၊ မင်္ဂလာခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ညီနောင်အသင်းများနှင့် အသင်းဝင်ကုမ္ပဏီများမှ မပျက်မကွက် တက်ရောက်ပေးဖို့ အကြောင်းကြားဖိတ်ကြားထားပါတယ်။ အခြားစိတ်ပါဝင်စားတဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ်များလည်း ဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်နိုင်ပါတယ်။

စိတ်ဝင်စားသူများအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် အသင်းသားရေးရာဌာန၊ email: [email protected] ၊ Phone 01-2314344~49 ၊ လိုင်းခွဲနံပါတ် 136 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

UMFCCI

Local News Read 852 times