လက်ရှိ SME လုပ်ငန်းကိုအပေါင်ပစ္စည်းပြနိုင်မှ Business Plan ခိုင်မာမှ သို့မဟုတ် အခြေချပြီးသားလုပ်ငန်းများမှသာချေးငွေထုတ်ပေးနေခြင်းဖြစ်ပါသည်။
သို့သော်သြဂုတ်လမှစပြီး SME လုပ်ငန်းများကိုနည်းပညာနှင့်လုပ်ငန်းအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပြီးလုပ်ငန်းအောင်မြင်လာမှငွေချေးပေးတော့မည်ဖြစ်ကြောင်း အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၏ ညွန်ကြားရေးမှူးချုပ်မှပြောကြားပါသည်။
လက်ရှိSMEများလိုအပ်သည့်စက်ပစ္စည်းများဝယ်ယူရန်နှင့်နည်းပညာအကူအညီပေးရန်အတွက်ဒိန်းမတ်မှအဖွဲ့ များနှင့်ဂျပန်မှ JICA တို့နှင့်လည်းဆွေးနွေးနေတာရှိပါသည်။
ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KOICA) အနေဖြင့်လယ်ယာသုံးပစ္စည်းများထုတ် လုပ်သည့်စက်ရုံများကိုအဓိကမြှင့်တင်သွားမည်ဖြစ်ပြီး ဒိန်းမတ်နိုင်ငံမှစိုက်ပျိုးရေးထွက်စားသောက်ကုန်များ ထုတ်လုပ်မှုအပိုင်းကိုအခြေခံသည့်လုပ်ငန်းများကိုအောင်မြင်အောင်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စက်ရုံများကိုကြည့်ပြီး ယင်းစက်ရုံတွင်ဘယ်အပိုင်းလိုအပ်ချက်ရှိလဲ။စီမံခန့်ခွဲမှုအပိုင်း သို့မဟုတ် နည်းပညာပိုင်းလားဆိုသည်ကိုပံ့ပိုးပေးရမည်ဖြစ်ပါသည်။
ကိုရိးယားနှင့်လုပ်မည့်လယ်ယာကဏ္ဍအတွက်လုပ်ငန်း ၁၁ ခုကိုရွေးထားကြောင်းသိရသည်။
အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကိုဂျာမနီနိုင်ငံအစိုးရမှယူရိုငွေ ၄.၄၅သန်း(မြန်မာငွေကျပ် ၆,၇၅၇.၃၂၅ သန်း)ကိုဂျာမနီနိုင်ငံအခြေစိုက်ဖွံ့ဖြိုးရေးဘဏ်(Kfw) နှင့် သမဝါယမ(CB)ဘဏ်တို့ပူးပေါင်းပြီး လုပ်ငန်းရှင်တစ်ဦးကို ကျပ်သိန်းတစ်ထောင်အထိသြဂုတ်လထဲတွင် ချေးပေးသွားရန်လည်းရှိပါသည်။
Source:myanmarb2b