တရုတ်နိုင်ငံ နယ်စပ်ဂိတ်များက ကုန်သွယ်မှုတင်းကျပ်နေခြင်းကြောင့် ကုန်သည်များနဲ့ တောင်သူများ နစ်နာနေ


19 April, 2019

တရုတ်နိုင်ငံနယ်စပ်ဂိတ်များက မြန်မာနိုင်ငံမှ ဝင်ရောက်လာတဲ့ ပြောင်း၊ ဆန်၊ သစ်သီးဝလံများနဲ့ ပို့ဆောင်ရေးလုပ်ငန်းများကို ယင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီဝိုင်းမော်မြို့မှ ကုန်သည်ဦးအေးလင့်က တရုတ်က အရင်လို မှောင်ခိုရောင်းဝယ်တာ လုံးဝမပေးတော့ဘူး။ ကားကအစ စနစ်တကျကိုင်လိုက်တော့ ပြောင်း၊ ဆန်၊ ပဲ၊ အသီးအနှံ လုံးဝ ဝင်မရဘူး။ ပြောင်းဆိုရင် ကျပ် ၃၅၀ အထိကျနေလို့ ဝယ်သူလည်းမရှိသလို စိုက်မယ့်တောင်သူလည်း မရှိဘူးဖြစ်နေတာ လေးလကျော်သွားပြီ။ ဆယ်စုနှစ်အတွင်း ဒါအခက်ဆုံးပဲ။

စစ်ဆေးရေးဂိတ်နဲ့ ကားအဝင်အထွက်မမျှတော့ ကန်ပိုင်တည်နယ်စပ်ဂိတ်ကျော်ဖို့ ငါးရက်လောက် စောင့်နေရတယ်။ တောင်သူ၊ ကုန်သည် အထိနာကုန်တာ။ အစိုးရချင်း ဖြေရှင်းမှ ရတော့မှာပါလို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများမှာ တစ်ဧကကို တစ်သိန်းခန့် အရှုံးပေါ်ခဲ့ပြီး ဆက်လက်စိုက်ပျိုးရန်မှာ ပြောင်းဈေးအတက်အကျပေါ် မူတည်နေကြောင်းသိရပါတယ်။ ပြောင်းစိုက်သူတစ်ဦးက နည်းနည်းစောတာ ဈေးကောင်းမိသေးတယ်။ နောက်ကျထွက်တဲ့ပြောင်းက ဝယ်သူကိုမရှိသေးတာ။ အခုက အလုပ်သမားခက အကြွေးတွေယူကြရတာ။ အခုနောက်ပေါ်တွေ ရှုံးနေကြပြီ လို့ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးဝေလင်းက နယ်စပ်ကုန်သွယ်မှုပြဿနာမာျးကို ပြည်ထောင်စုအစိုးရသို့ တင်ပြနေရကြောင်း၊ ပြည်နယ်အစိုးရအနေနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာများမဟုတ်ကြောင်း ပြောပါတယ်။

ဒါ့ပြင် ဝန်ကြီးက ဧပြီ ၂၀ ကျော်ရင် နှစ်နိုင်ငံကုန်သွယ်မှုကို ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့ရှိပါတယ်။ တရုတ်နိုင်ငံဘက်က သွင်းကုန်ရော၊ ထုတ်ကုန်ရော အရမ်းတင်းကျပ်မှုတွေ လုပ်နေပါတယ်။ အကြောင်းရင်းကို မသိရသေးဘူး။ သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်းပဲ လုပ်နေတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ နယ်စပ်ဂိတ်ငါးခုရှိပြီး ကန်ပိုင်တည်နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်များမှာသာ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ပန်ဝါ၊ လိုင်ဇာ၊ မန်ဝိန်းကြီးဂိတ်မာျးမှာတော့ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

Daily Eleven

Local News Export, Import Read 737 times