တရုတ်နိုင်ငံမြေရှားသတ္တုကုမ္ပဏီများကို လုပ်ငန်းစုကြီး ၂ ခု အဖြစ် ပြန်ဖွဲ့တည်ကြောင်း ထုတ်ပြန်ကြေညာ


25 December, 2021

တရုတ်နိုင်ငံတွင် မြေရှားသတ္တုကုမ္ပဏီများကို လုပ်ငန်းစုကြီး ၂ ခု အဖြစ် ပြန်ဖွဲ့တည်

တရုတ်နိုင်ငံသည်  ကမ္ဘာ့ မြေရှားသတ္တုများကဏ္ဍအပေါ် ၎င်း၏ ထိန်းချုပ်မှုကို အားကောင်းစေရန် အခရာကျသော မြေရှားသတ္တုကုမ္ပဏီများကို ပေါင်းစပ်ဖွဲ့စည်းရန် ပြန်လည်ဖွဲ့တည်ခဲ့သည်။

China Rare Earth Group ကို China Minmetals Corp, Aluminum Corp of China နှင့် Ganzhou Rare Earth Group  နိုင်ငံပိုင် မြေရှားသတ္တုလုပ်ငန်းများဖြင့် ဖွဲ့စည်းထားသည်။
Ganzhou Rare Earth Group သည် မြေရှားသတ္တုများ ထွက်သည့် Jiangxi ပြည်နယ် ၏ Ganzhou အာဏာပိုင် လက်အောက်တွင် ထားရှိသည့် လုပ်ငန်းဖြစ်သည်။

China Rare Earth Group ကို ဗဟိုအစိုးရက ကြီးကြပ်မည်ဖြစ်ရာ State-owned Assets Supervision and Administration Commission က တိုက်ရိုက်ကိုင်တွယ်မည် ဖြစ်သည်။

China Rare Earth Group ရင်းနှီးမ,တည်ငွေမှာ ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၅.၆ သန်း) ဖြစ်ပါသည်။
 
ကုမ္ပဏီစုအသစ်သည် တောင်ပိုင်းရှိ မြေရှားသတ္တုတွင်းကဏ္ဍ ဖွံ့ဖြိုးရေးကို အရှိန်တင်မည်။

Bloomberg News တွင်ဖော်ပြခဲ့သည်မှာ မဟာလုပ်ငန်းကြီးနှစ်ခုဖြင့် တရုတ်အစိုးရက လုပ်ကိုင်သည်။ တစ်ခုက တရုတ်ပြည် တောင်ပိုင်းမှာ လုပ်ကိုင်ပြီး ကျန်တစ်ခုက မြောက်ပိုင်းတွင် လုပ်ကိုင်သည်။  

China Northern Rare Earth (Group) High-Tech နှင့်  China Rare Earth Holdings တို့ကိုလည်း မဟာဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။

တောင်ပိုင်း နှင့် မြောက်ပိုင်း ထုတ်လုပ်သည့် မြေရှားသတ္တု အမျိုးအစားများ ကွဲပြားသည်။

ယခုလို ဆောင်ရွက်သည့်အတွက် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် မြေရှားသတ္တုများ၏ ၇၀% နီးပါးကို ချုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။
 
ကမ္ဘာ့ မြေရှားသတ္တုများ တင်ပို့မှု၏ ၆၀%ကို တရုတ်နိုင်ငဲက ထိန်းချုပ်ထားသည်။ စမတ်ဖုန်းမှ တိုက်လေယာဉ်အထိ အသုံးပြုသည့် မြေရှားသတ္တု ြဒပ်စင် ၁၇ မျိုးကို တရုတ်နိုင်ငံက ချုပ်ကိုင်ထားသည်။

ယခုလို တရုတ်နိုင်ငံက ချုပ်ကိုင်ထားခြင်းသည် စိုးရိမ်စရာ ဖြစ်နေသည်။

လူမသိသူမသိ ဖြစ်နေခဲ့သည့် မြေရှားသတ္တုများကဏ္ဍသည် ၂၀၁၉ တွင် တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ္ပွဲမှာ တရုတ်နိုင်ငံက အမေရိကန်သို့ မြေရှားသတ္တုများ တင်ပို့ခြင်းကို ထိန်းချုပ်လိုက်သည်။ အမေရိကန်သို့ တင်သွင်းသည့် မြေရှားသတ္တုအမျိုးအမျိုး၏ ၈၀% သည် တရုတ်ပြည်မှ တင်သွင်းနေခြင်း ဖြစ်သည်။

ယခု ကုမ္ပဏီများ ပေါင်းစည်းခြင်းသည် ၂၀၁၆ တွင် လိုင်စင်ရ လုပ်ငန်းစု ၆ ခုကို ပြန်လည် ဖွဲ့တည်ပေးခြင်း ဖြစ်သည်။
အစိုးရက မြေရှားသတ္တုအမျိုးမျိုး ထုတ်လုပ်မှုအပေါ် ထိန်းချုပ်ထားသည်။ တစ်နှစ်တာအတွက် ခွဲတမ်းအသီးသီးကိုလည်း လုပ်ငန်းတိုင်းအတွက် သတ်မှတ်ပေးသည်။
ယခုနှစ်တွင် စုစုပေါင်းပမာဏမှာ ၁၆၈,၀၀၀ တန် ဖြစ်သည်။

ယခုနှစ်တွင်  လိုအပ်ချက်က ထုတ်လုပ်သည်ထက် ပိုများနေသဖြင့် မြေရှားသတ္တုများဈေးထိုးတက်သည်။ ဈေးအမြင့်ဆုံး စံချိန်တက် မြင့်တက်ခဲ့သည်မှာ အမြဲတမ်းသံလိုက် ထုတ်လုပ်ရာတွင် သုံးစွဲသည့် နီအိုဒီမီယမ် neodymium နှင့် ပရာစီအိုဒီယမ် praseodymium မြေရှားသတ္တု ဒြပ်စင်နှစ်မျိုး ဖြစ်ပါသည်။

 

 

 

Export, Import Read 525 times