စီးပွားရေးတုံ့နှေးနေသဖြင့် တရုတ်ဗဟိုဘဏ် ချေးငွေ နှစ်ရပ် အတိုးနှုန်းများ ထပ်မံ လျှော့ချ


22 August, 2022

စီးပွားရေးတုံ့နှေးနေသဖြင့် တရုတ်ဗဟိုဘဏ် ချေးငွေ နှစ်ရပ် အတိုးနှုန်းများ ထပ်မံ လျှော့ချ


တရုတ်ဗဟိုဘဏ် ဖြစ်သော People's Bank of China (PBOC) သည် တရုတ်နိုင်ငံ စီးပွားရေး ပြန်လည်လန်းဆန်းလာစေရန် ကြိုးပမ်းအားထုတ်နေရာ၌ ကြိုးတန်းပေါ် လမ်းလျှောက်နေသည့်နှယ် စွန့်စားနေသည်ဟု ရှုမြင်သုံးသပ်ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်က စံအတိုးနှုန်းများကို ချေးငွေများအတွက် လျှော့ချပေးခဲ့သည်။ 

ယခုချေးငွေများအတွက် စံအတိုးနှုန်းများ ထပ်မံလျှော့ချလိုက်ပြန်သည်။ အတိုးနှုန်း လျှော့ချခြင်းကြောင့် ငွေဖောင်းပွမည့်အရေး ရှိနေသည်။ အမေရိကန် ဗဟိုဘဏ် ဖြစ်သော ပြည်ထောင်စု အရန်ငွေနှင့် အခြား ဗဟိုဘဏ်များကို အတိုးနှုန်းများ ခပ်ကြမ်းကြမ်း တိုးမြှင့်နေကြချိန်တွင်  အတိုးနှုန်းလျော့ချနေသည့် တရုတ်ပြည်မှာ ရင်းနှီးမြှဒပ်နှံထားသည့် အရင်းအနှီများကို  ရင်းနှီးမြှုပ်နှံသူများက  အုံနှင့်ကျင်းနှင့် ပြန်ထုတ်ယူကြမည့် အရေးလည်း ရှိနေသည်။ 

သို့သော် ချေးငွေ ရယူလိုမှု အားနည်းနေပါက ဦးစိုက်နေသော စီးပွားရေးကို  ဦးပြန်မော့လာအောင် ဆောင်ရွက်ဖို့အတွက် အတိုးနှုန်းလျှော့ချပြီး ချေးငွေ ရယူကြအောင် ဖန်တီးရပေသည်။ 
စီးပွားရေးဘဏ်များက လုပ်ငန်းကြီးများကို ထုတ်ချေးလေ့ ရှိသည့် ချေးငွေအတွက်  အတိုးနှုန်း loan prime rate (LPR)  ကို တစ်နှစ်သက်တမ်းရှိ ချေးငွေအတွက် အခြေခံ ဒသမ ၅ လျှော့ချလိုက်ပြီး ၃.၆၅% ဟု  ပြင်ဆင်သတ်မှတ်လိုက်သည်။ ၅ နှစ်သက်တမ်း   LPR  ကို အခြေခံ ဒသမ ၁၅ အထိ လျှော့ချလိုက်ပြီး ၄.၃၀% ဟု  ပြင်ဆင်သတ်မှတ်လိုက်သည်။  ဩဂုတ်လ ၂၂ ရက် တနင်္လာနေ့တွင် စတင်သက်ရောက်သည်။ 

တစ်နှစ် LPR  ကို ဇန်နဝါရီလတွင် တစ်ကြိမ် လျှော့ချပေးခဲ့သည်။ ငါးနှစ် LPR  ကို မေလတွင် တစ်ကြိမ် လျှော့ချပေးခဲ့သည်။ ထိုချေးငွေ အတိုးနှုန်းသည် အိမ်အပေါင်ထားသည့် ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိသည်။ 
အိုးအိမ်တိုက်ခန်းများ ဆောက်လုပ်ရေးကဏ္ဍတွင် ပြိုလဲရပ်တန့်နေခြင်းအတွက် အားဆေးတစ်ခွက် ဖြစ်နိုင်သော်လည်း သက်ကယ်ဆေးတော့ မဖြစ်နိုင်ဟု ရှုမြင်သုံးသပ်ကြပါသည်။ 
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U
Source: Reuters

Banking & Loan Read 3056 times