တရုတ်နိုင်ငံ ဘဏ္ဍာရေးအချက်အချာ ကိုဗစ်ထိခိုက်


20 December, 2022

တရုတ်နိုင်ငံ ဘဏ္ဍာရေးအချက်အချာ ကိုဗစ်ထိခိုက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Covid-19 သည် ပေကျင်းရှိ စတော့အိပ်ချိန်းတွင် ကူးစက်မှုများ ဖြစ်ပွားနေသည့်အပြင် ရှန်ဟိုင်း၏ဘဏ္ဍာရေးဗဟိုချက်တွင် လျင်မြန်စွာပျံ့နှံ့နေသည်။ အရောင်းအဝယ် ပါးနေပြီး ရှယ်ယာဈေးကွက် ကြီးကြပ်သူများ၏ အပတ်စဉ်အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိသဖြင့် ရုပ်သိမ်းလိုက်ရသည်။ 

ငွေကြေးနှင့် စတော့ဈေးကွက်များတွင် အခြေအနေ မည်သို့ ဖြစ်လာမည်ကို မှန်းဆဖို့ ခဲယဉ်းနေပြီး ကိုဗစ်ကပ်ဘေးအစကာလကဲ့သို့ မသေချာမရေရာသည့် အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

ကိုဗစ်သုညမူဝါဒကို ဆန့်ကျင်ဆန္ဒပြမှုများ မြို့ကြီးများတွင် ပေါ်ပေါက်ခဲ့ပြီးနောက် အစိုးရက ၎င်းမူဝါဒကို စွန့်လွှတ်လိုက်သည်။ ကိုဗစ် ဆေးစစ်ခြင်းများကိုလည်း ရပ်လိုက်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ကိုဗစ်သုည မူဝါဒ မဖြေလျှော့ခင်ကတည်းက တရုတ်နိုင်ငံတွင် ကိုဗစ်လှိုင်းထနေခဲ့ပြီး ဖြေလျှော့ပြီးချိန်တွင်လည်း ဆက်လက်၍ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည်။

ဘဏ်များက ကိုဗစ်ဖြစ်နေသည့် ဝန်ထမ်းများ၊ ကိုဗစ်ဖြစ်သူနှင့် အတူနေသည့် ဝန်ထမ်းများ ရုံးသို့ မလာရောက်ရန် ညွှန်ကြားထားသည်။

ပေကျင်းမြို့မှ ဘဏ်လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နေသော ဝန်ထမ်းများတွင် ထက်ဝက်ကျော်သည် ကိုဗစ်ကူးစက်ခံထားရသည်ဟု ခန့်မှန်းထားကြသည်။ PICC Asset Management မှ ရန်ပုံငွေ မန်နေဂျာက "ကျွန်တော် ပြောမယ်။ ပေကျင်းမှာ ရှိတဲ့ လုပ်ဖော်ကိုင်ဖက်များထဲမှာ ထက်ဝက်ကျော်က ကိုဗစ် ဖြစ်နေကြတယ်။ ရှန်ဟိုင်းမှာ ၅ ကနေ ၁၀ ရာခိုင်နှုန်းလောက် ကိုဗစ် ဖြစ်နေကြတယ်" ဟု ပြောကြားသည်။ 
တရုတ်နိုင်ငံ၏ ဘဏ်အချင်းချင်း ငွေကြေးဈေးကွက်၏ ပျမ်းမျှနေ့စဉ် ယွမ်/ဒေါ်လာ ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်လာ ၂၀ ဘီလီယံခန့် ကျဆင်းသွားခဲ့သည်။ ၂၀၂၂ ဧပြီလနောက်ပိုင်း အနည်းဆုံးစံချိန် ဖြစ်သည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 315 times