ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်၏ ရင်းနှီးမြှပ်နှံမှုများ မြင့်တက်နေ


02 February, 2018

ကမ္ဘောဒီးရားနိုင်ငံ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုကို တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံသူများနှင့် ခရီးသွားဧည့်သည်များက တစ်ဖက်တစ်လမ်းမှ ပံ့ပိုးထားသည်ဟု စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ထားကြောင်းသိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု(FDI)နှင့် ခရီးသွားလုပ်ငန်းနှစ်ခုလုံးအတွက် အကြီးဆုံးအရင်းအမြစ်တစ်ခုဖြစ်ကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုသည် ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်း ၂၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ အစီရင်ခံစာအရ သိရပါသည်။

၂၀၁၇ ခုနှစ် တစ်နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံ(စုစုပေါင်း ၂၇ ရာခိုင်နှုန်း)ရှိကြောင်း သိရပါသည်။

နှစ်နိုင်ငံအစိုးရအကြား နီးကပ်စွာဆက်ဆံရေးက အလွန်အရေးပါသောကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှပ်နှံရသည်မှာ အလွန်နွေးထွေးမှုရှိသဖြင့် တရုတ်နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေက ခံစားရကြောင်း အသင်းဝင်အိမ်ခြံမြေ ကုမ္ပဏီ ၉၇ ခုရှိသော ကမ္ဘောဒီးယားနိုင်ငံ ရာပြတ်နှင့် အိမ်ခြံမြေအကျိုးဆောင်များ အသင်း၏ ဥက္ကဌတစ်ဦးက ပြောခဲ့ပါသည်။

တရုတ်ရင်းနှီးမြှပ်နှံသူများသည် ကမ္ဘောဒီးယားနိုင်ငံအတွက် ရင်းနှီးမှုအသစ်တွေ၊ နည်းပညာအသစ်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဆောင်ကြဉ်းပေးခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခမာအိမ်ခြံမြေကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်တစ်ဦးကပြောခဲ့ပါသည်။

Investment/Divestment Global News Read 706 times