၂၀၃၀ မှာ ကမ္ဘာ့စီးပွားရေး အကောင်းဆုံး နိုင်ငံတွေရဲ့ ထိပ်ဆုံးမှာ ရှိနေနိုင်တဲ့ တရုတ်နဲ့ အိန္ဒိယ


26 March, 2019

လာမယ့် ၂၀၃၀ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာ့စီးပွားရေး အကောင်းဆုံး နိုင်ငံတွေ ဖြစ်လာနိုင်တဲ့ နိုင်ငံ ( ၁၀ ) နိုင်ငံရဲ့ စာရင်းကို လန်ဒန်မှာရှိတဲ့ Standard Chartered ( 2030 Projections ) Multinational Bank က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ထိပ်ဆုံးမှာ ရပ်တည်နေတာတော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ GDP ဟာ ၂၀၃၀ ရောက်တဲ့အခါ ၅ ရာခိုင်နှုန်းထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၆၄.၂ ထရီလီယံထိ ရရှိလာနိုင်ပါတယ်။

ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အရပ်မှာ တည်ရှိနေတဲ့ အိန္ဒိယနိုင်ငံပါ။ နိုင်ငံတွေအားလုံးထဲမှာတော့ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ GDP ဟာ ၂၀၃၀ ရောက်တဲ့အခါ ၇.၈ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ပြီး အမေရိကန်ဒေါ်လာ ၄၆.၃ ထရီလီယံထိ ရရှိလာနိုင်ပါတယ်။

တတိယနေရာမှာ ရပ်တည်နေတာကတော့ အမေရိကန်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ် ရောက်တဲ့အခါမှာ အမေရိကန်ဒေါ်လာ ၃၁ ထရီလီယံထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

နံပါတ် (၄) နေရာမှာ ရပ်တည်နေတာကတော့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀.၁ ထရီလီယံထိ ရရှိလာနိုင်ပါတယ်။ နံပါတ် (၅) နေရာမှာ ရပ်တည်နေတာကတော့ တူရကီနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉.၁ ထရီလီယံထိ ရရှိလာနိုင်ပါတယ်။

- နံပါတ် ( ၆ ) နေရာမှာ ရပ်တည်နေတဲ့ ဘရာဇီးနိုင်ငံက အမေရိကန်ဒေါ်လာ ၈.၆ ထရီလီယံ၊
- နံပါတ် ( ၇ ) နေရာမှာ ရပ်တည်နေတဲ့ အီဂျစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၈.၂ ထရီလီယံ၊
- နံပါတ် ( ၈ ) နေရာမှာ ရပ်တည်နေတဲ့ ရုရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၇.၉ ထရီလီယံ၊
- နံပါတ် ( ၉ ) နေရာမှာ ရပ်တည်နေတဲ့ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၇.၂ ထရီလီယံ၊
- နံပါတ် ( ၁၀ ) နေရာမှာ ရပ်တည်နေတဲ့ ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ ၆.၉ ထရီလီယံ
အသီးသီး ရရှိပြီး ကမ္ဘာ့စီးပွားရေး အကောင်းဆုံး နိုင်ငံတွေထဲ ပါဝင်နိုင်လိမ့်မယ်လို့ Multinational Bank က မျှော်မှန်းထားတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ တူရကီ၊ ဘရာဇီး၊ အီဂျစ်နိုင်ငံတွေဟာလည်း အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပိုမြန်နေတာကို တွေ့ရပါတယ်။

Myanmar Industry Directory
 

Global News Read 2759 times