ရေနံထွက်ပစ္စည်း တင်ပို့မှု ခွဲတမ်း တတိယအသုတ် တရုတ်အစိုးရ ထုတ်ပြန်


07 July, 2022

ရေနံထွက်ပစ္စည်း တင်ပို့မှု ခွဲတမ်း တတိယအသုတ် တရုတ်အစိုးရ ထုတ်ပြန်

ရေနံထွက်ပစ္စည်း  ပြည်ပတင်ပို့ရန်ခွဲတမ်း တတိယအသုတ် တရုတ်အစိုးရ ထုတ်ပြန်ခဲ့ရာ သန့်စင်ပြီး လောင်စာတန်ချိန်  ၅ သန်းနှင့် ရေယာဉ်သုံး ဆာလဖာနည်းပါးလောင်စာဆီ  (low-sulphur fuel oil (LSFO) တန်ချိန် ၂.၅ သန်း ခွင့်ပြုထားပါတယ်။
 ရေနံချက်လုပ်ငန်းများ ပြည်ပတင်ပို့ရောင်းချခြင်းဖြင့် ဝင်ငွေရရှိရန် ယခုလို ခွဲတမ်းများ ချပေးတာ ဖြစ်ပါတယ်။

ခွဲတမ်းများကို မျှော်မှန်းထားတာထက် ဆောလျင်စွာ ချပေးခဲ့တာဖြစ်ပြီး ယခုနှစ်မှာ သန့်စင်ပြီးလောင်စာတန်ချိန် ၂၂.၅ သန်း ခွဲတမ်း ချပေးပြီးပြီ ဖြစ်ပါတယ်။
LSFO က စုစုပေါင်းတန်ချိန် ၁၂.၂၅ သန်း ခွဲတမ်းချပေးပြီးပြီ ဖြစ်ပါတယ်။
သန့်စင်ပြီးလောင်စာဆီ refined fuel ခွဲတမ်းစာရင်းမှာ  

  • China National Petroleum Corp (CNPC),
  • China Petroleum & Chemical Corp (Sinopec),
  • China National Offshore Oil Corp (CNOOC),
  • Sinochem Holdings,
  • China National Aviation Fuel,
  • Zhejiang Petroleum & Chemical Co (ZPC),
  • China North Industries Group Corp (Norinco)

တို့ ပါဝင်ကြပါတယ်။
သင်္ဘောသုံး လောင်စာဆီဖြစ်တဲ့ LSFO ခွဲတမ်းစာရင်းမှာ

  • CNPC,
  • Sinopec,
  • Sinochem,
  • ZPC  

တို့ ပါဝင်ကြပါတယ်။
တရုတ်နိုင်ငံက ၂၀၂၂ ပထမ ၅ လမှာ ဓာတ်ဆီ၊ ဒီဇယ်နှင့် ဂျက်လေယာဉ်ဆီ(ပြည်တွင်းလေဆိပ်များတွင် ပြည်ပလေကြောင်းလိုင်းများမှ လေယာဉ်များ ဆီဖြည့်သည့်ပမာဏများ အပါအဝင်) စုစုပေါင်း တန်ချိန် ၁၀.၃၅ သန်း ပြည်ပတင်ပို့ခဲ့ပါတယ်။

#MyanmarIndustryGuide
Telegram Channel
https://t.me/Guid4U

Energy News Export, Import Read 375 times