တရုတ်အစိုးရက ဇူလိုင် ၁ ရက်မှစ၍ လျှပ်စစ်ပစ္စည်းတင်သွင်းမှုအပေါ် အခွန်လျေ့ာချသွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါကြေညာချက်သည် အမေရိကန်နှင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေစဉ် ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကို ကျော်လွှားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။
အမေရိကန်နှင့် တရုတ်တို့၏ နှစ်နိုင်ငံကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃၇၅ ဘီလီယံနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးက ပေကျင်းမြို့သို့မလာမီနှစ်ရက်အလိုတွင် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်များလျေ့ာပေးရန်ရွေးချယ်ထားသည့် ကုန်ပစ္စည်းစာရင်းတွင် အမေရိကန်ကုန်ပစ္စည်းအနည်းငယ်သာပါဝင်ပြီး တန်ဖိုးနည်းသောထုတ်ကုန်များထက် တရုတ်နိုင်ငံ၏စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခွန်လျေ့ာချရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။
ထို့အပြင် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား စီးပွားရေးနှင့် သံတမန်ရေးရာယှဉ်ပြိုင်မှုများ ဆက်လက်မြင့်တက်နေစဉ် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုနိုင်ငံနှစ်နိုင်ငံသည် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ပြောင်းလဲပြီး မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အတူတကွကြိုးပမ်းဆောင်ရွက်ခဲ့သည်။
တရုတ်အစိုးရသည် ငါး၊ သံလွင်ဆီ၊ ကျောက်ပွင့်၊ ပင်လယ်ရေညှိကဲ့သို့ ပြည်ပနိုင်ငံများမှတင်သွင်းသော စားသောက်ကုန် ၁၄၄၉ မျိုး၏အခွန်များကို လျှေ့ာချထားသည်။
ထို့အပြင်အခွန်လျှေ့ာချထားသောအခြားပစ္စည်းများမှာ လက်ကိုင်အိတ်၊ အဝတ်အထည်ကဲ့သို့သော တန်ဖိုးနည်းကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။
Myawady