တရုတ်က အမေရိကန်ရဲ့ စည်းကြပ်ခွန်များတိုးမြှင့်ခဲ့မှုအပေါ် ပြန်လည်လက်တုံ့ပြန်လိုက်


15 May, 2019

အမေရိကန်က တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များတိုးမြှင့်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်ဘက်ကလည်ဒေါ်လာဘီလျံ ၆၀ တန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ချမှတ်မှုကို ၅ % မှ ၂၅ % အထိ တိုးမြှင့်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြေညာခဲ့ပါတယ်။

တရုတ်က အစောပိုင်းဆွေးနွေးမှုများမှာ ပေးခဲ့တဲ့ကတိတွေကို နောက်ကြောင်းပြန်လှည့်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက စွပ်စွဲခဲ့ပြီး ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၁၀ % မှ ၂၅ % အထိ တိုးမြှင့်ခဲ့အပြီး တရုတ်က အခုလို လက်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ဒီသတင်းတွေထွက်လာပြီးတဲ့နောက်မှာတော့ အမေရိကန်ရဲ့ ရှယ်ယာအညွှန်းကိန်းတွေ ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ စတော့တွေထိုးကျခဲ့ပြီး စတော့တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကျော်လောက် ဆုံးရှုံးမှုရှိခဲ့ပါတယ်။

တရုတ်အနေနဲ့ အမေရိကန် ကုန်ပစ္စည်းအမျိုးအစား ၂၄၉၃ မျိုးအပေါ်၌ စည်းကြပ်ခွန်နှုန်း ၂၅% ၊ ကုန်ပစ္စည်းအမျိုးအစား ၁၀၇၈ မျိုးအပေါ်၌ စည်းကြပ်ခွန်နှုန်း ၂၀% ၊ ကုန်ပစ္စည်းအမျိုးအစား ၉၇၄ မျိုးအပေါ်၌ စည်းကြပ်ခွန်နှုန်း ၁၀% နှင့် ကုန်ပစ္စည်းအမျိုးအစား ၅၉၅ မျိုးအပေါ်၌ စည်းကြပ်ခွန်နှုန်း ၅% စသဖြင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် စည်းကြပ်ခွန်နှုန်း အသီးသီး ကောက်ခံသွားမယ်လို့ ကြေညာခဲ့ပါတယ်။

တရုတ်က စည်းကြပ်ခွန်များ ချမှတ်နိုင်ဖို့အတွက် အမေရိကန်သွင်းကုန်များ ကုန်သလောက်ဖြစ်သွားပြီဖြစ်ပါတယ်။ စည်းမျဉ်းထိန်းသိမ်းသူများက တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများကို ပစ်မှတ်ထားပြီး ကုန်ပစ္စည်းများ ပို့ဆောင်မှုနဲ့ လုပ်ငန်းလိုင်စင်ချပေးမှု လုပ်ငန်းစဉ်တွေမှာ အကောက်ခွန်ဆိုင်ရာ ခွင့်ပြုမှုများကို အရှိန်လျှော့ချပစ်ခဲ့ပါတယ်။

အခုလို ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမညီမျှကြောင့် ၎င်းနှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်နေကြတဲ့ ဥရောပနဲ့ အာရှကုမ္ပဏီများကိုပါ ထိခိုက်နိုင်ခြေရှိနေပါတယ်။

ဘောဂဗေဒပညာရှင်တွေက အမေရိကန်ရဲ့ စည်းကြပ်ခွန်များ နောက်ဆုံးတိုးမြှင့်မှုကြောင့် တရုတ်ရဲ့ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းကို ဝ.၅ % နှုန်းကျဆင်းစေနိုင်ပြီး နှစ်ဘက်စလုံးက ပို့ကုန်အားလုံးကို စည်းကြပ်ခွန်များ အပြန်အလှန်တိုးမြှင့်ပါက ၁ % အထိ ကျဆင်းနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

Daily Eleven / A9 Busines

Global News Read 531 times