တရုတ်နိုင်ငံက ပြည်ပမှ အစိုင်အခဲ စွန့်ပစ်ပစ္စည်းတင်သွင်းမှု အား ဇန်နဝါရီ ၁ ရက်နေ့တွင် စတင် ပိတ်ပင်မည်


07 December, 2020

တရုတ်နိုင်ငံက လာမည့်နှစ် နှစ်စပိုင်း မှ စကာ ပြည်ပမှ အစိုင်အခဲ စွန့်ပစ်ပစ္စည်းတsolid waste င်သွင်းမှု များအားလုံးကို ပိတ်ပင်တော့မည်ဟုသိရသည်။  ထို့အပြင် ပြည်ပမှတင်သွင်းသော စွန့်ပစ်ပစ္စည်းထုတ်ကုန်များ ကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်။

ယခင်က တရုတ်နိုင်ငံသည် ကမ္ဘာ့ပေါ်တွင် ပြည်ပမှ အစိုင်အခဲ စွန့်ပစ်ပစ္စည်းတင်သွင်းမှု ကို အများဆုံး လက်ခံသော နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်များတွင် ပြည်ပမှ တင်သွင်းလာသည့်အမှိုက်များကို သန့်စင်၍ ကုန်ကြမ်းများအဖြစ်သို့ ပြောင်းလဲအသုံးပြုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော်လည်း ပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးအား ထိခိုက်မှု ဖြစ်ပေါ် စေခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် solid waste ၁၄ မျိုး တင်သွင်းခြင်းကို စတင်ပိတ်ပင်ခဲ့သည်။ ယခု ပြည်ပမှ အစိုင်အခဲ စွန့်ပစ်ပစ္စည်းတsolid waste င်သွင်းမှု များအားလုံးကို ပိတ်ပင်တော့မည်ဖြစ်သည်။ 

ပြည်ပမှ အစိုင်အခဲ စွန့်ပစ်ပစ္စည်းတင်သွင်းမှု ကြောင့် တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ရာ၌ အဟန့်အတားဖြစ်စေခဲ့ကြောင်းသိရသည်။

(Xinhua)

Global News Export, Import Read 571 times