တရုတ်လောင်စာဆီ ဒီဇင်ဘာ တင်ပို့မှု တန်ချိန် ၇ သန်းနီးပါး စံချိန်သစ်တင်မည်ဟု ခန့်မှန်း


16 December, 2022

တရုတ်လောင်စာဆီ ဒီဇင်ဘာ တင်ပို့မှု တန်ချိန် ၇ သန်းနီးပါး စံချိန်သစ်တင်မည်ဟု ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ ရေနံချက်လုပ် သန့်စင်သော ပုဂ္ဂလိကလုပ်ငန်းရှင်များသည် ကိုဗစ်ကြောင့်  ပြည်တွင်းလောင်စာဆီဝယ်လိုအား လျော့နည်းနေသည်ကို ထေမိစေရန်နှင့် ၎င်းတို့၏ ပို့ကုန်ခွဲတမ်းကို သက်တမ်း မကုန်ခင် အချိန်မီ ကုန်အောင် သုံးနိုင်စေရန်အတွက်  ပြည်ပတင်ပို့မှုများကို အဆောတလျင် လုပ်ဆောင်နေသောကြောင့် တရုတ်နိုင်ငံသည် ဒီဇင်ဘာလတွင် လောင်စာဆီများ စံချိန်တင် တင်ပို့မှုဖြင့် ယခုနှစ်၂၀၂၂ ကို  အဆုံးသတ်လိမ့်မည်။

 ဒီဇင်ဘာလတွင် ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ ဒသမ ၁ သန်းအထိ ရှိလိမ့်မည်ဟု Refinitiv Oil Research က ခန့်မှန်းသည်။
၎င်းလောင်စာဆီများတွင် ဒီဇယ်ဆီ တင်ပို့မှု အများဆုံးဖြစ်ပြီး တန်ချိန် ၃ သန်းအထိ ရှိလာနိုင်သည်။ တရုတ်နိုင်ငံ၏ ဒီဇယ်ဆီ တင်ပို့မှုသည် ၂၀၂၀ ခုနှစ် မတ်လတွင် တန်ချိန် ၂.၈၃ သန်းအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
အဆိုပါလောင်စာဆီ ၃ မျိုးစုစုပေါင်း တင်ပို့မှု အများဆုံးလမှာ ဧပြီလဖြစ်ပြီး တန်ချိန် ၆.၅ သန်း တင်ပို့ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အောက်တိုဘာလတွင် တရုတ်အာဏာပိုင်တို့က ထုတ်ပြန်ခဲ့သော များပြားသည့် ခွဲတမ်း၏ တစ်စိတ်တစ်ပိုင်းကို ၂၀၂၃ သို့ သက်တမ်း တိုးမြှင့်နိုင်သည်ဟု အစောပိုင်းက မျှော်လင့်ထားကြသော်လည်း ယခုအခါ ချပေးထားသည့် ခွဲတမ်းကို ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး ကုန်အောင်အသုံးကြဖို့ တိုက်တွန်းထားသည်။ 

"ပုဂွလိက ရေနံချက်လုပ်သန့်စင်သူများဟာ ပြည်တွင်း သိုလှောင်မှု လက်ကျန်မြင့်မားနေတာကို  ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ဓာတ်ဆီနှင့် မကြာသေးမီကစလို့ ဂက်စ်ဝိုင် gasoil လက်ကျန်မြင့်မားနေပါတယ်" ဟု အတိုင်ပင်ခံလုပ်ငန်း Wood Mackenzie မှ အကြီးတန်း ခွဲခြမ်းစိတ်ဖြာသူ Daphne Ho က ရိုက်တာသတင်းဌာနကို ပြောကြားသည်။

ပို့ကုန်ခွဲတမ်း အများစုကို ထိန်းချုပ်ထားသည့် နိုင်ငံပိုင် ရေနံချက်လုပ်သန့်စင်ရေး လုပ်ငန်းများသည် နိုဝင်ဘာလမှ စတင်ကာ ပြည်ပသို့ ရောင်းချမှုတွင် အမြတ်များသော  ဒီဇယ် ထုတ်လုပ်မှုကို မြှင့်တင်ထားပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 370 times