ရေရှည်သဘောတူညီချက်များဖြင့် LNG အ‌မြောက်အမြား တရုတ်နိုင်ငံ ဝယ်ယူ


08 February, 2023

ရေရှည်သဘောတူညီချက်များဖြင့် LNG အ‌မြောက်အမြား တရုတ်နိုင်ငံ ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ကမ္ဘာ့ဝယ်လက်များအကြား  လတ်တလော  သဘာဝဓာတ်ငွေ့ရည် liquefied natural gas  LNG ဝယ်ယူသည့် ကာလရှည်စာချုပ်များ၏ ၄၀% သည် တရုတ်ဝယ်လက်များက ဝယ်ယူခြင်း ဖြစ်သည်။

 .
တရုတ်နိုင်ငံ စွမ်းအင်ကဏ္ဍ၏ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်သောSinopec Group သည် ကာတာနိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်းကြီး QatarEnergy နှင့်  နှစ်စဉ် LNG တန်ချိန် ၄ သန်းကို ဝယ်ယူရန် ၂၇ နှစ်ကြာ သဘောတူညီမှုကို   ယမန်နှစ်နှောင်းပိုင်းတွင် ရယူခဲ့သည်။ ၎င်း LNG ကို ၂၀၂၆ ဝန်းကျင်တွင် စတင် တင်သွင်းမည် ဖြစ်သည်။

အဓိကဝယ်လက် ဖြစ်သည့် အားလျော်စွာ တရုတ်နိုင်ငံသည် ကာတာနိုင်ငံ၏ LNG တိုးချဲ့ထုတ်လုပ်ရန် ကြီးမားလှသည့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးနေသည်။


ပုဂ္ဂလိကကဏ္ဍမှ တရုတ်စွမ်းအင်ကုမ္ပဏီ ENN Group သည် နှစ်စဉ် LNG တန်ချိန် ၂.၇ သန်းကို နှစ် ၂၀ ဝယ်ယူရန် Texas အခြေစိုက် Energy Transfer နှင့် ပြီးခဲ့သည့်နှစ်က စာချုပ်ချုပ်ဆိုခဲ့သည်။
ထို့ပြင် ENN သည် Texas တွင် ရုံးချုပ်ထားရှိသည့် NextDecade နှင့် တစ်နှစ်လျှင် တန်ချိန် ၂ သန်း အနှစ် ၂၀  ဝယ်ယူရန် သဘောတူညီချက်ကို ရယူခဲ့သည်။ 

NextDecade သည် ENN အပြင် China Gas Holdings နှင့်လည်း တစ်နှစ်လျှင် တန်ချိန် ၁ သန်း   အရောင်းအဝယ် စာချုပ်ချုပ်ဆိုခဲ့သည်။ 

၂၀၂၁ နှင့် ၂၀၂၂ နှစ်နှစ်တာတွင် တရုတ်နိုင်ငံသည် တစ်နှစ်လျှင် တန်ချိန် သန်း ၅၀ နီးပါး ရှိသော LNG ဝယ်ယူမှု နှစ်ရှည်စာချုပ်များကို ချုပ်ဆိုခဲ့သည်ဟု ဥရောပသုတေသနကုမ္ပဏီ Rystad Energy က ပြောကြားသည်။

တရုတ်သည် နှစ်နှစ်အတွင်း ကာလရှည်စာချုပ်များမှတစ်ဆင့် ဝယ်ယူမှုပမာဏကို သုံးဆတိုးခဲ့သည်။ ၂၀၁၅ မှ ၂၀၂၀ အထိ တစ်နှစ် တန်ချိန် ၁၆ သန်း ဝယ်ယူခဲ့ရာမှ တန်ချိန် သန်း ၅၀ နီးပါးသို့ ရောက်ရှိလာသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း LNG တင်သွင်းသူအဖြစ် ဂျပန်နိုင်ငံကို ကျော်တက်သွားခဲ့သည်။
 
ရေရှည်စာချုပ်များအရ အမေရိကန်သည် တရုတ်နိုင်ငံ၏ LNG အကြီးမားဆုံး ပေးသွင်းသူ
ဖြစ်လာသည်။ 
တရုတ်အစိုးရသည် ကုန်သွယ်ရေးစစ်ပွဲအတွင်း ၂၀၁၉ ခုနှစ်တွင် အမေရိကန်မှ တင်သွင်းသော  LNG အပေါ် အခွန် ၂၅% ပြဋ္ဌာန်းခဲ့သည်။ ထို့နောက်  ၂၀၂၀ ခုနှစ်တွင် အခွန်များကို လျှော့ပေါ့ပေးခဲ့သည်။
၂၀၂၁ ခုနှစ်မှစ၍ တရုတ်ကုမ္ပဏီများနှင့်အမေရိကန်ကုမ္ပဏီများသည် ပမာဏ ကြီးမားသော LNG သဘောတူညီချက် စာချုပ်များကို ဆက်တိုက်ချုပ်ဆိုခဲ့ကြသည်။

 ယခုအခါ တရုတ်နိုင်ငံသည် LNG တန်ချိန် သန်း ၉၀ ခန့်ကို နှစ်ရှည်စာချုပ်များဖြင့် တင်သွင်းရာ၌ အမေရိကန် LNG တန်ချိန် ၂၅ သန်း ပါဝင်သည်။ ဩစတေးလျ LNG သည် ဒုတိယအများဆုံး ဖြစ်ပြီး တန်ချိန် ၁၇ သန်း ပါဝင်သည်။ အရှေ့အလယ်ပိုင်းဒေသမှ တန်ချိန် ၁၄ သန်းနှင့် ရုရှားမှ တန်ချိန် ၆ သန်း ပါဝင်သည်။
တရုတ်အစိုးရသည် အမေရိကန် LNG တစ်ခုတည်းအပေါ် တည်မှီအားကိုးနေရခြင်းကို ရှောင်ကြဉ်ရန် ရည်ရွယ်ချက် ရှိသည်။
LNG ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခြင်းအပြင် ပိုက်လိုင်းဖြင့်လည်း တင်သွင်းသည်။


တရုတ်နိုင်ငံသည် သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ထက်ဝက်ကျော်ကို ပြည်တွင်း ထွက်ရှိမှုမှ ရယူသည်။ ကျန်သည့် ပမာဏကို 
ရုရှားနှင့် တာ့ခ်မင်နစ္စတန်တို့ထံမှ ရယူသည်။ အမေရိကန်နှင့် အခြားနိုင်ငံများမှ LNG ဖြင့် ဖြည့်စွက်ထားသည်။
ပြည်တွင်း လိုအပ်ချက်၏ ၃၀%-၄၀% ပမာဏအထိ နိုင်ငံတစ်ခုတည်းအပေါ်မှာ တည်မှီအားကိုးနေရခြင်း မရှိအောင် ဖြန့်ကျက်ဝယ်ယူသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 247 times