တရုတ်နိုင်ငံ၏ ထိပ်တန်းပို့ကုန်များ


20 June, 2018

ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံအပါအဝင်တို့၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အရှေ့အာရှတွင်တည်ရှိသော တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း ရေကြောင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံ တန်ဖိုးရှိသောကုန်ပစ္စည်းများကို ကမ္ဘာအနှံ့နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း World Top Export မှ ထုတ်ပြန်သောစာရင်းများအရသိရပါသည်။

တရုတ်နိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများမှာ တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်းတွင်းထုတ်ကုန်၏ ၁၉ ဒသမ ၆ ရာခိုင်နှုန်းရှိပါသည်။

တရုတ်နိုင်ငံမှတင်ပို့သောကုန်ပစ္စည်းများကို ရာခိုင်နှုန်းအားဖြင့်ကြည့်ပါက ၄၈ ဒသမ ၅ ရာခိုင်နှုန်းကို အာရှနိုင်ငံများဖြစ်ပြီး၊ ၂၂ ရာခိုင်နှုန်းကို မြောက်အမေရိကတိုက်၊ ဥရောပနိုင်ငံများသို့ ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ လက်တင်အမေရိကသို့ ၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် အာဖရိကနိုင်ငံများသို့ ၄ ဒသမ ၁ ရာခိုင်နှုန်း တင်ပို့ထားကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၇ နှစ်အစပိုင်းတွင် ၄ ဒသမ ၀၂ ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်မူ ၃ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ထိပ်တန်းပို့ကုန်များမှာ

(၁) လျှပ်စစ်စက်ပစ္စည်းများနှင့် ကိရိယာများ $ ၅၉၉ ဘီလီယံ ( ပို့ကုန်စုစုပေါင်း၏ ၂၆.၄ %)

(၂) ကွန်ပြူတာနှင့် အခြားစက်ပစ္စည်းများ $ ၃၈၂.၉ ဘီလီယံ ( ၁၆.၉%)

(၃) ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများ $ ၈၉.၈ ဘီလီယံ (၄%)

(၄) အဝတ်အထည်များ $ ၇၃.၆ ဘီလီယံ (၃.၂%)

(၅) ဖဲ၊ ဇာပန်းထိုးပစ္စည်းများ $ ၇၂ ဘီလီယံ (၃.၂%)

(၆) ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ $ ၇၀.၆ ဘီလီယံ (၃.၁%)

(၇) ပလတ်စတစ်ပစ္စည်းများ $ ၇၀.၆ ဘီလီယံ (၃.၁%)

(၈) မော်တော်ကားများ $ ၆၇.၄ ဘီလီယံ (၃%)

(၉) သံထည်ပစ္စည်းနှင့်ပတ်သက်သောထုတ်ကုန်များ $ ၅၇.၃ ဘီလီယံ(၂.၅)

(၁၀) ကလေးကစားစရာအရုပ်နှင့် ဂိမ်းများ $ ၅၅.၃ ဘီလီယံ (၂.၄)

 WTE

Global News Read 3682 times