ဖွံ့ဖြိုးဆဲနိုင်ငံ ၇၇ ခုအတွက် ကြွေးမြီပြန်ဆပ်မှုကို တရုတ်နိုင်ငံက ဆိုင်းငံ့လိုက်သည်။ သို့သော် ဤလုပ်ဆောင်မှုမှာ ပါဝင်မည့်နိုင်ငံများအား ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu သည် သတင်းစာရှင်းလင်းပွဲတွင် Coronavirus တိုက်ပွဲနှင့် ပတ်သက်သည့် စာတမ်းတစောင် ထုတ်ပြန်ခဲ့သည်။
"Fighting Covid-19: China in Action" ခေါင်းစဉ်တပ်ထားသော ထိုစာတမ်းကိုနိုင်ငံတော်ကောင်စီ၏ ပြန်ကြားရေးရုံးမှ တနင်္ဂနွေနေ့ (ဇွန် ၇ ရက်) တွင် ထုတ်ဝေခဲ့သည်။
ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်ပြည်၏ ကြိုးပမ်းမှုများကို မှတ်တမ်းတင်ထားပြီး ကမ္ဘ့ာ အတွေ့အကြုံများကို မျှဝေထားသည်။
တိုင်းပြည် ၁၅၀ ကျော်ကို ၎င်းတို့၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို စေလွှတ်ခြင်းအပါအဝင် အမျိုးမျိုးသောပုံစံများဖြင့် အကူအညီများပေးခဲ့သည်ဟု ဖော်ပြထားသည်။
“ ကျွန်တော်တို့ အခက်ခဲဆုံးအချိန်မှာ ကမ္ဘာ့ခေါင်းဆောင် ၁၇၀ ကျော်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲ ၅၀ ကျော်နှင့် နိုင်ငံရေးပါတီ ၃၀၀ ကျော်တို့က မိမိတို့ကို အလေးအနက်ထားပြီး ထောက်ခံကူညီခဲ့ကြပါတယ်"
နိုင်ငံပေါင်း ၇၇ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၁၂ ခုတို့သည် ဗိုင်းရပ်စ်နှိမ်နင်းရေးအတွက် ပစ္စည်းများကို တရုတ်နိုင်ငံသို့ လှူဒါန်းခဲ့သည်။
"ဒီအဖိုးတန် ချစ်ကြည်ရင်းနှီးမှုကို ကျွန်တော်တို့ မေ့သွားမှာ မဟုတ်ပါဘူး"
ဟု Ma က မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် လက တရုတ်နိုင်ငံက ကပ်ရောဂါဘေးလွန်ကာလကို ရင်ဆိုင်နိုင်ရန် နိုင်ငံများအား အမေရိကန်ဒေါ်လာ ၂ ဘီလျံ သုံးစွဲပြီး ကူညီမည်ဟု ကတိကဝတ် ပေးခဲ့သည်။