တရုတ်အစိုးရဘဏ်များ ယွမ်တန်ဖိုး ထိန်းရန် ကြားဝင်ဆောင်ရွက်
တနင်္လာနေ့ (အောက်တိုဘာ ၁၇)တွင် တရုတ်အစိုးရဘဏ်များက တန်ဖိုးကျဆင်းနေသော ယွမ်ငွေကို ကာကွယ်ရန် ၎င်းတို့၏ ကြားဝင်ဆောင်ရွက်မှုကို အရှိန်မြှင့်လိုက်ပါတယ်။
တရုတ်အစိုးရဘဏ်များက အမေရိကန် ဒေါ်လာများ အမြောက်အမြားကို ယွမ်ငွေဖြင့် ရောင်းချခဲ့ကြပါတယ်။ ပေါက်ဈေးဖြင့် ရောင်းဝယ်ခြင်းနှင့် ငွေကြေးအလဲအထပ်လုပ်ခြင်း နည်းလမ်းနှစ်သွယ် ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။
.
နိုင်ငံပိုင် ဘဏ်များက ယွမ်ငွေများကို ကန်ဒေါ်လာဖြင့် အလဲအထပ်လုပ်ပြီပါတယ်။ ရရှိလာတဲ့ ဒေါ်လာများကို ပေါက်ဈေးဖြင့် ရောင်းချကြပါတယ်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များမှာ တရုတ်အစိုးရဘဏ်များ လုပ်ကိုင်ခဲ့ဖူးတဲ့ ကစားကွက် ဖြစ်ပါတယ်။
.
ယွမ်ငွေက ယခုနှစ်တွင် ဒေါ်လာနှင့်ယှဉ်လျှင် ၁၁.၆% ကျဆင်းခဲ့ပါတယ်။ တနင်္လာနေ့တွင် တစ်ဒေါ်လာလျှင် 7.1980 ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
.
နိုင်ငံပိုင် ဘဏ်များက ဝင်ကစားပေးပြီးချိန်မှာ တစ်ဒေါ်လာလျှင် 6.95 ယွမ်အထိ တန်ဖိုးပြန်တက်လာပါတယ်။
.
အလဲအထပ်ဈေးကွက်နှင့် ပေါက်ဈေး ဈေးကွက် ၂ မျိုးစလုံးမှာ ဝင်ကစားပေးပြီး ယွမ်ကို ပင့်တင်ပေးခဲ့ပါတယ်။
နိုင်ငံပိုင်ဘဏ်များက များသောအားဖြင့် တရုတ်နိုင်ငံ နိုင်ငံခြားသုံးငွေ အရောင်းအဝယ် စျေးကွက်တွင် ဗဟိုဘဏ်ကိုယ်စား အရောင်းအဝယ်ပြုကြပါတယ်။ ကိုယ်ပိုင် ရည်ရွယ်ချက်များအရလည်း နိုင်ငံခြားသုံးငွေကို အရောင်းအဝယ် လုပ်ပါတယ်။ ဘဏ်နှင့် လုပ်ကိုင်နေတဲ့ ကော်ပိုရိတ်များကို ဝန်ဆောင်မှုတစ်ရပ်အနေဖြင့်လည်း နိုင်ငံခြားသုံးငွေကို အရောင်းအဝယ် လုပ်ပေးပါတယ်။
.
ယခုလို ယွမ်နှင့် ဒေါ်လာတို့ကို ဈေးကွက်များထဲမှာ အရောင်းအဝယ် လုပ်တဲ့အတွက် ဗဟိုဘဏ်မှာ ထားရှိတဲ့ နိုင်ငံခြားသုံးငွေ အရန်ငွေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို သုံးစွဲဖို့ မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ပေးလို့ ရနေစေပါတယ်။
Source Reuters