တရုတ်နိုင်ငံ၌ ဘဏ်ကတ် စုစုပေါင်း ၈ ဒသမ ၉၈ ဘီလီယံ ထုတ်ဝေထား


19 October, 2021

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အကုန်အထိ ဘဏ်ကတ် စုစုပေါင်း ၈ ဒသမ ၉၈ ဘီလီယံ ထုတ်ဝေထားကြောင်း စက္ကူပြာစာတမ်းအရ သိရသည်။ 
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ဘဏ်ကတ်များမှတစ်ဆင့် ငွေသွင်း ၊ ငွေထုတ် ပမာဏ ယွမ် ၇၉၂ ဒသမ ၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၂၄ ထရီလီယံ) ပြုလုပ်ခဲ့ပြီး ယခင်နှစ်ကထက် ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းအသင်းက ထုတ်ပြန်သည့် စက္ကူပြာစာတမ်းအရ သိရသည်။ 
၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ ဘဏ်ကတ် စုစုပေါင်း သန်း ၄၅၀ အား အသစ်ထုတ်ဝေခဲ့ပြီး ယခင်နှစ်ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြှင့်တက်ခဲ့ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။ 
၂၀၂၀ ပြည့်နှစ်အကုန်အထိ credit ကတ်၏ လက်ကျန်ငွေသည် စုစုပေါင်း ယွမ် ၇ ဒသမ ၉၁ ထရီလီယံ ရှိပြီး ယခင်နှစ်ကထက် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။ 
Xinhua

Banking & Loan Read 1509 times