တရုတ်ဘီလျံနာများ စင်ကာပူသို့ ပြောင်းရွှေ့အခြေချ


07 December, 2022

တရုတ်ဘီလျံနာများ စင်ကာပူသို့ ပြောင်းရွှေ့အခြေချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်ပြည်ဖွား ဘီလီယံနာများအတွက် အကျော်ကြားဆုံး ဝိုင်အရက်ဆိုင်တစ်ခုမှာ ရှန်ဟိုင်းမှာ မဟုတ်၊ မြို့တော်ပေကျင်းမှာလည်း မဟုတ်ပါ။ ၎င်းဝိုင်ဘားသည် စင်ကာပူ၏ နှလုံးနေရာ ခြောက်လမ်းသွားလမ်းဘေးရှိ မထင်မရှား အဖြူအမည်း ဘန်ဂလိုတွင် တည်ရှိပါသည်။
ဝိုင်ပုလင်းများနှင့်အတူရှိနေသည့် ဧည့်ကြိုစားပွဲကို ကျော်လွန်သွားလျှင် ကြိမ်ထိုင်ခုံနှင့် စားပွဲများ ရှိနေသည့် နှစ်ထပ်အခန်းတစ်ခုထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခန်းတွင် ဘဏ်လုပ်ငန်းရှင်များ၊ ခရစ်ပတိုငွေကြေးလုပ်ငန်းရှင်များ စုရုံးကြလေ့ရှိသည်။
စင်ကာပူနိုင်ငံ  Scotts Road ရှိ Circle 33 ရှိ အပန်းဖြေနားနေခန်းအတွင်းမှ သီးသန်း ခန်‌းဆောင်သည်  တရုတ်၊ စင်ကာပူ၊ မလေးရှားတို့မှ ကလပ်အသင်းဝင်တို့ ဒေါ်လာ သန်းထောင်ချီသော အပေးအယူများကို မနက် ၂ နာရီ ကောင်းကောင်းကျော်သည်အထိ ပြင်သစ်ဘောဒိုးဝိုင်သောက်ရင်း၊ ကျူးဘားဆေးပြင်းလိပ် ဖွာရင်း၊ ပိုကာဖဲကစားရင်း ဆွေးနွေးကြသော နေရာတစ်ခု ဖြစ်သည်။ စင်ကာပူသို့ လူသစ်အဖြစ် ရောက်ရှိလာသော သူဌေးတစ်ဦးအဖို့ သွားရောက်ဖို့ လိုအပ်သည့် နေရာလည်း ဖြစ်သည်။

မြို့များအကြောင်း လမ်းညွှန်ပေးသည့် Dianping.com ပူးတွဲတည်ထောင်သူ Zhang Tao ၏အကူအညီဖြင့်  Circle 33 ၏ ထင်ပေါ်ကျော်ကြားမှု ကြီးထွားလာခဲ့သည်။
တရုတ်ပြည်မှာ စူပါသူဌေးများ အခြားနိုင်ငံများတွင် သူတို့၏ ပိုက်ဆံများနှင့်အတူ စတည်းချနေကြသည်ကို Circle 33 က အရိပ်လက္ခဏာ ပြသနေသည်။
အချို့စူပါသူဌေးများသည် ကိုဗစ် သုည မူဝါဒဖြင့် တင်းကျပ်ထားသည်ကို ရှောင်ရန်နှင့် အခွန်ရှောင်ရန် ယာယီအားဖြင့် ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ ကျန်သည့်သူများမှာ အပြီးအပိုင် ပြောင်းရွှေ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်လက ပါတီကွန်ဂရက်အပြီးတွင် သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ စီးပွားရေးကို ပိုမိုတင်းကျပ်စွာ ချုပ်ကိုင်ထားလိုက်သဖြင့် ကြွယ်ဝ ချမ်းသာသူများ အစုအပြုံလိုက် ပြည်ပသို့ ထွက်ခွာကြခြင်း အရှိန်တက်သွားသည်။

ချမ်းသာကြွယ်ဝမိသားစုများ စင်ကာပူသို့ ပြောင်းရွှေ့ကြသည်မှာ အသစ်အဆန်းတော့ မဟုတ်ပေ။ အခွန်သက်သာခြင်း၊ စီးပွားရေးမူဝါဒများ တည်ငြိမ်ခြင်း၊ နိုင်ငံရေး တည်ငြိမ်ခြင်း အစရှိသည်တို့ကြောင့် ဒေသတွင်း ချမ်းသာကြွယ်ဝသူတို့၏ အချက်အချာ အဖြစ် တည်ရှိနေသည်။ သို့ဖြစ်ရာ ချမ်းသာကြွယ်ဝသော တရုတ်နိုင်ငံသား မိသားစုများအတွက်လည်း စင်ကာပူသည် ကွန်းခိုရာနေရာ ဖြစ်နေသည်။ ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်မှစ၍ ဆန္ဒပြခြင်းများ ဖြစ်ပေါ်လျက်ရှိရာ စင်ကာပူသို့ ပြောင်းရွှေ့ပြီး စီးပွားရေး အခြေတည်ကြသည်။ ယခုနှစ်တွင် တရုတ်ပြည်မှာ ကိုဗစ်သုည မူဝါဒ တင်းကျပ်သဖြင့် စင်ကာပူသို့ ရှောင်ထွက်လာကြသူများလည်း ရှိသည်။ စင်ကာပူသည် ၎င်းတို့ ပိုင်ဆိုင်သည့် ငွေကြေးဓနအတွက် စိတ်ချရသည့်နေရာ ဖြစ်သည်။ စင်ကာပူတွင် မိသားစုပိုင် ကုမ္ပဏီများ ရုံးခန်းဖွင့်လှစ်ကြသည်။ 
တရုတ်တိုင်ကွန်းများ ဖွင့်လှစ်သည့် မိသားစုပိုင် ကုမ္ပဏီရုံးခန်းများသည် ၂၀၂၁ နှစ်ကုန်တွင် ခုရေ ၇၀၀ ခန့် ရှိသည်။ ၂၀၂၀ ထက် ၂ ဆဖြစ်လာခဲ့သည်။ 
တရုတ်စူပါသူဌေးများသည် စင်ကာပူကို စီးပွားရေးလုပ်ငန်း အခြေစိုက်ရာနေရာအဖြစ် အသုံးပြုကြသည့်အပြင် မိသားစု ပြောင်းရွှေ့အခြေချရန်နေရာအဖြစ်လည်း အသုံးပြုကြသည်။ 
တရုတ်စူပါသူဌေးတို့ နေထိုင်စရာနှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ခြံဝင်းပါသည့် အိမ်ကြီးရခိုင် good class bungalow တို့ကို ဝယ်ယူကြသဖြင့် ဈေးနှုန်းများ မြင့်တက်သည်။ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုတွင်လည်း တရုတ်သည် အများဆုံး ဖြစ်သည်။ ၂၀၂၂ ပထမ ၈ လအတွင်း ကွန်ဒိုတိုက်ခန်း ၉၃၂ ခန်း ဝယ်ယူခဲ့သည်။ ကွန်ဒိုအဝယ်များသည့် မလေးရှားတို့ထက် ၂ဆကျော်သည်။ 

စည်းစိမ်ရှိကားများ ရောင်းအားတက်သည်။ ၂၀၂၂ တွင် Bentley ၈၇ စီး၊ Rolls Royces ၇၈ စီး ကနဦးမှတ်ပုံတင်ခဲ့သည်။ ၎င်းကားအမျိုးအစားတို့၏ ဈေးနှုန်းများမှာ ဒေါ်လာ ၁ သန်းအထက်တွင် ရှိသည်။ 
ဂေါက်ကလပ်အဖွဲ့ဝင်ကြေး မြင့်တက်သည်။ Sentosa Club အဖွဲ့ဝင်ဖြစ်ဖို့ ဝင်ကြေးသည် စင်ကာပူဒေါ်လာ ၈၈၀,၀၀၀ အထိ ဈေးပေါက်သည်။ 

စင်ကာပူသို့ တရုတ်စူပါသူဌေးမိသားစုများနှင့် ၎င်းတို့၏ ငွေကြေးများ စီးဝင်နေခြင်းသည် ရပ်တန့်မည်မဟုတ်။ တစ်ချိန်တုန်းက ဟောင်ကောင်သို့ ရွှေ့ပြောင်းခဲ့ကြသည်။ ယခု စင်ကာပူကို ရွေးချယ်ကြသည်။
Source bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 22111 times