တရုတ်ပြည်မှ စီးပွားရေးကိစ္စနှင့်လာရောက်သူများအားမြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်ပြုမည်


13 July, 2020

နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ လက်ထောက် အမှုဆောင်ချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇန် မှ မဇ္စိုမ သတင်းကိုပြောကြားချက်ကတော့ ၎င်းတို့အနေနဲ့ တရုတ်ပြည်မှ မြန်မာ နိုင်ငံအတွင်းသို့ အရေးတကြီး စီးပွားရေးကိစ္စ နှင့် ဝင်ရောက်မည့် သူများအား သေချာ စီမံ ကာမြန်မာ ပြည်အတွင်းသို့ ပေးဝင်ဖို့ အစီအစဉ်ဆွဲထားကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ တရုတ်ပြည်မှ လုပ်ငန်းရှင် ခရီးသွား အနေဖြင့် မြန်မာ ပြည်တွင်းမှာ ချက်ခြင်းအကောင်အထည်ဖော်စရာ လုပ်ငန်း ပရောဂျက် ၊ ဆောက်လုပ်ရေး ကိစ္စ လုပ်ငန်းစဉ် နဲ့ ဌာန ဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ ရှိပါက မြန်မာပြည်မှ မြန်ဆန်တဲ့ ကျန်းမာရေးစစ်ဆေး စီမံချက် အနေနဲ့ ထိုတရုတ်ပြည်မှ လုပ်ငန်းရှင် ခရီးသွား အား အထူး အသွားအလာကန့်သတ် ကျန်းမာရေး စစ်ဆေးမှုခံယူချက်ဖြင့်စစ်ဆေးမှာ ဖြစ်ပါတယ်။

၎င်းအဆိုပါ ကျန်းမာရေးစစ်ဆေး စီမံချက် ကိုတော့ အဆိုပါ လုပ်ငန်းရှင် ခရီးသွား များဟာ မြန်မာပြည်သို့ ကယ်ဆယ်ရေးလေယာဉ် ၊ အထူးလေယာဉ် နဲ့ စင်းလုံးငှား ကိုယ်ပိုင်လေယာဉ်ဖြင့်လာကြမည့်သူများ ဖြစ်ရပါမယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ လက်ထောက် အမှုဆောင်ချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇန် ပြောကြားချက်ကတော့ " ယခုကိုဗစ်ကာလ က မပြီးဆုံးသေးပါဘူး သို့ပေမယ့် ကျွန်တော်တို့တိုင်းပြည်ရဲ့ စီးပွားရေး ကိစ္စရပ်တွေကို များစွာ အကျိုးပြုနိုင်မည့် စီးပွားရေး လုပ်ငန်းရှင် ၊ ကျွမ်းကျင်ပညာရှင် တွေနဲ့ စီးပွားရေး နယ်ပယ်အရပ်ရပ်မှ ကျွမ်းကျင်သူတွေဟာ နိုင်ငံထဲကိုလာနိုင်ရပါမယ် ၊ သာမန် အသွားအလာ ကန့်သတ်တဲ့ နည်းလမ်းကို ထိုစီးပွားရေး သမားတွေကို သုံးမယ်ဆိုရက်တွေ အများကြီး ကြာနေမှာမို့ စီးပွားရေးသမား ခရီးသည်တွေ အနေနဲ့ ၎င်းတို့ တကယ့် လုပ်ရမည့် လုပ်ငန်းဆောင်တာ တာဝန်တွေကို နောက်ကျ ပြီးမှ ဝင်ရောက်နိုင်မှာပါ။ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ သူတို့ လုပ်ကိုင်ရမည့် စီးပွားရေး လုပ်ငန်းစဉ်တွေ နောက်ကျ မနေစေဖို့ အခုလို စီစဉ်ပေးတာပါ စီးပွားရေးသမားခရီးသည်တွေအနေနဲ့ ကိုယ်တွေတိုင်းပြည်ကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဝင်နိုင်ပြီး စိတ်အနှောက်အယှက် မရှိဘဲနဲ့ ပေါ့။

ပေကျင်းမှာရှိတဲ့ မြန်မာ သံရုံးကနေပြီး တရုတ်ပြည်မှ အရေးတကြီး စီးပွားရေးကိစ္စဖြင့် ခရီးသွားမယ့် မည်သူမဆို ၎င်းတို့ရဲ့ ဗီဇာကို မြန်မာ သံရုံးကို တင်ပို့ပါက မြန်မာသံရုံးမှ အထူး အသွားအလာကန့်သတ် ကျန်းမာရေး စစ်ဆေးမှု့ ခံယူချက်ဖြင့် မြန်မာ ပြည်တွင်းဝင်လို့လွယ်ကူအောင်စီမံပေးမယ်သိရပါတယ်။ထို့အပြင် '' အထူး အသွားအလာကန့်သတ် ကျန်းမာရေး စစ်ဆေးမှုခံယူချက် " အား အခြားနိုင်ငံများကိုပါ တိုးမြှင့်ပေးဖို့ရှိတယ်သိရပါတယ်။

လုပ်ငန်းရှင် ခရီးသွား မည်သူမဆို မြန်မာပြည်သို့ဝင်ရောက်ပါက ကိုဗစ် မရှိကြောင်းဆေးစစ်ချက် ထိုသူနှင့်အတူ ပါလာရမယ်။မြန်မာပြည်သို့လေယာဉ်ဆိုက်ရောက်တာနဲ့ ပစ္စည်းကိရိယာ အပြည့်အစုံနဲ့ အသွားအလာ ကန့်သတ်ခံရမယ် ၊ ထို့အပြင် ကိုဗစ်စစ် ကိရိယာ သုံးကာ ကျန်းမာရေးစစ်ဆေးခံရမယ် ၅ ရက်နေပြီးရင် ကိုဗစ်စစ် ကိရိယာ သုံးကာ ကျန်းမာရေး ထက်မံစစ်ဆေးမည်ပင်ဖြစ်သည်။ စစ်ဆေးမှု ၂ ကြိမ်လုံးတွင် ကိုဗစ်မရှိပါက တိုင်းပြည်အတွင်းသို့ပေးဝင်မည်ဖြစ်သည်။


ထိုစစ်ဆေးမှုအတွက် ကုန်ကျစရိတ်အား အဆိုပါခရီးသွားမှ ပေးချေရမည်ဖြစ်သည်။မြန်မာပြည်အနေနဲ့ နိုင်ငံအတွင်း ကိုရိုနာရောဂါပျံနှံမှု မရှိစေရေးအတွက် ၂၀၂၀ ဇူလိုင် လကုန် ထိ လေကြောင်းခရီးသည် ပို့ဆောင်မှုကိစ္စရပ်ကို ပိတ်သိမ်းထားမည်ဖြစ်တယ်သိရပါတယ်။

Bnionline.net

Local News Read 935 times