တရုတ်နဂါးလက်မှ မလွတ်နိုင်


29 July, 2020

"Voltas ၏လေအေးပေးစက်များကို အိန္ဒိယတွင်တပ်ဆင်ထားသည်။ အိန္ဒိယစားသုံးသူတွေရဲ့အမြင်မှာတော့သူတို့ဟာ အိန္ဒိယမှာလုပ်တဲ့ ကုန်အမှတ်တံဆိပ်ပါ။

သို့သော် လေအေးပေးစက်များကို အဖုံးအကာလှပ်ကြည့်ပါ။ compressors, controller, motor နှင့် copper tubes များ၏ ၅၀ ရာခိုင်နှုန်းဟာ တရုတ်မှ ရောက်လာတာတွေ ဖြစ်ပါတယ်"

 Voltas မှ မန်နေးဂျင်းဒါရိုက်တာ Pradeep Bakshi က“ အိန္ဒိယမှာ compressor ထုတ်လုပ်တဲ့စက်ရုံ မရှိဘူး" ဟု ပြောသည်။

ကုမ္ပဏီသည်  ကွန်ပရက်ဆာကို ထုတ်လုပ်ရန် လုပ်ဆောင်မယ် ဆိုပါက အနည်းဆုံး ၁၂ လမှ ၁၈ လအထိ ကြာလိမ့်မည်။ Bakshi က ကုမ္ပဏီအနေဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်မည့် စက်ရုံ ထူထောင်လုပ်ကိုင်ဖို့ ပြိုင်ဘက်များနှင့်ချိတ်ဆက်ခြင်းအပါအဝင်ရွေးချယ်စရာ နည်လမ်းများကို ရှာဖွေနေသည်ဟု ပြောကြားခဲ့ပါတယ်။ ဈေးကွက်ထဲတွင် ရောင်းချပေးနေကြသူများတွင် ထိပ်တန်းမှာ ရှိနေကြသူများသည် အမြတ်နည်းနည်းဖြင့် လုပ်ကိုင်နေကြခြင်း ဖြစ်ပေရာ  မည်သည့် အိန္ဒိယလေအေးပေးစက်ကုမ္ပဏီမဆို ဆက်လက်ရှင်သန်နိုင်လောက်သော အကျိုးအမြတ်များ ဖြစ်ထွန်းမှာ မဟုတ်ချေ။ လုပ်ငန်းပြုတ်ဖို့သာ ရှိမည်။

တရုတ်-အိန္ဒိယ နယ်စပ်ပဋိပက္ခကြောင့် တရုတ်ပြည်ဖြစ် ပစ္စည်းများ မသုံးစွဲရန် အမျိုးသားရေး လှုံ့ဆော်မှုများကြောင့် လုပ်ငန်းများသည် တရုတ်ပြည်ဖြစ်ကို အားမကိုးဘဲ လုပ်ကိုင်ဖို့ ဖြစ်လာနေသော်လည်း  Voltas သည် ၎င်း၏ တရုတ်ပစ္စည်းပေးသွင်းသူများထံမှ ဆက်လက်တင်သွင်းသည်။ ရပ်တန့်ဖြစ်ဖို့ ဘာမှ မလုပ်ကိုင်ခဲ့ပေ။

အိန္ဒိယနိုင်ငံအတွက် ၂၀၁၉-၂၀၂၀ တွင် တရုတ်မှ သွင်းကုန်ရူပီး ၄၆၁၊ ၅၂၄ ကုဋေ (ဒေါ်လာ ၆၁.၅ ဘီလီယံ) ရှိတယ်လို့  ကူးသန်းရောင်းဝယ်ရေး ၀ န်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။ ကဏ္ဍ သုံးခုဖြစ်သော အော်ဂဲနစ်ဓာတုပစ္စည်းများ၊ အရင်းအနှီးကုန်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ (ရုပ်မြင်သံကြားပြွန်များ၊ မိုဘိုင်းဖုန်းအစိတ်အပိုင်းများ၊ ကွန်ပရက်ဆာများ အပါအဝင်) ဟာသွင်းကုန်စုစုပေါင်းရဲ့ ၆၂ ရာခိုင်နှုန်း ရှိပါတယ်။ 

လက်ကိုင်ဖုန်းများ ကဲ့သို့သော စီးပွားရေးလုပ်ငန်းတော်တော်များများတွင် စီးပွားရေးအရွယ်အစားက တွက်ခြေကိုက်တဲ့ အရွယ်အစားဖြစ်အောင် ကြီးမားဖို့ လိုအပ်သည့်  ပြဿနာမရှိသော်လည်း အိန္ဒိယစက်မှုလုပ်ငန်းကဏ္ဍဟာ တရုတ်မှ ဆက်လက်တင်သွင်းနေရဆဲ ဖြစ်ပါတယ်။

သည်။ “တရုတ်နိုင်ငံက ဈေးချိုတဲ့တင်သွင်းမှုကို ကျေနပ်နေကြပြီး မဆင်မခြင်ဖြင့် လက်ခံနေကြတာကြောင့် အခုလို အခြေအနေမျိုးကို ရောက်လာတာပါ" လို့ JSW Group ဥက္ကဋ္ဌ Sajjan Jindal က သုံးသပ်ပြတယ်။  JSW Group က တရုတ်နိုင်ငံမှ နှစ်စဉ်သွင်းကုန်စုစုပေါင်း ဒေါ်လာ သန်း ၄၀၀ ဖိုး ရှိပါတယ်။

ကုမ္ပဏီများသည် ကုန်ထုတ်လုပ်မှုကို အိန္ဒိယသို့ ပြောင်းရွှေ့ရန်လုပ်ကိုင်နေစဉ် အပိုဆောင်းအရေးအကြောင်းတစ်ခုမှာ အိန္ဒိယသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းများ ကို လက်မှတ်ရေးထိုးထားသဖြင့် မည်သည့်နိုင်ငံနှင့်မဆို အခွန်နှုန်းထားများကို တစ်ဖက်သတ်တိုးမြှင့်၍ မရနိုင်ခြင်း ဖြစ်သည်။ အိန္ဒိယတွင် စက်ရုံများတည်ဆောက်ကာ ထုတ်လုပ်ရောင်းချသော ဈေးကွက်များတွင် ဗီယက်နမ် သို့မဟုတ် WTO အဖွဲ့ဝင်များမှ တင်သွင်းမှုများက လွှမ်းမိုးသွားနိုင်ခြင်းဖြစ်သည်။ ထိုသို့ ဆိုပါက ကုန်ထုတ်လုပ်ငန်းအနေဖြင့် ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ချေ။ 

 

ဦးဆောင်သော်လည်း ဦးကျိုး

အိန္ဒိယစက်မှုလုပ်ငန်းများတွင် တရုတ်အပေါ် မှီခိုအားထားနေရခြင်း လျှော့ချရာ၎င်၌ အောင်မြင်မှု ရရှိသည်မှာ အော်ဂဲနစ်ဓာတုဗေဒ ထုတ်ကုန်ကဏ္ဍတွင် ဖြစ်သည်။ ဆေးဝါးများ ထုတ်လုပ်ရာတွင် အရေးပါသည့် ဓာတ်ပေါင်းများကို ထုတ်လုပ်နိုင်ခဲ့ကြသည်။ ထိုသို့ အောင်မြင်မှုများ ရရှိထားသော်လည်း ကုန်ကြမ်းကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းနေရသည်များ ရှိနေဆဲဖြစ်သည်။ 

တရုတ်နိုင်ငံမှ ကုန်ကြမ်းကို အမှီအခို ကင်းဖို့ ဆိုလျှင် လိုအပ်သည့် ကုန်ကြမ်းများကု ဥရောပနှင့် အခြားနေရာများမှ တင်သွင်းရလိမ့်မယ်။ ထိုအခါ ကုန်ကျစရိတ်သည် တရုတ်ပြည်မှ ရသည် ကုန်ကြမ်းလို ဈေးသက်သာမည် မဟုတ်ချေ။

တရုတ်ပြည်မှ ကုန်ကြမ်းယူပြီး ကုန်ချောထုတ်လုပ်ကာ တရုတ်ပြည်သို့ တင်သွင်းနေသည့် ကုမ္ပဏီများအနေဖြင့် တရုတ်အစိုးရက နှစ်နိုင်ငံအကြား တင်းမာမှုကြောင့် သွင်းကုန်ခွန်ကို မြှင့်တင်လိုက်မည်ဆိုပါက တင်သွင်းဖို့ တွက်ခြေကိုက်တော့မည် မဟုတ်ချေ။

နောက်ထပ် အောင်မြင်သည့် ကုန်ထုတ်လုပ်ငန်းကဏ္ဍမှာ ကန်တရိုက်စနစ်ဖြင့် ကုန်ထုတ်လုပ်ခြင်း ဖြစ်သည်။ အိန္ဒိယပြည်တွင်းဈေးကွက်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အရောင်းတွင်ကျယ်လာသောအခါ ထုတ်လုပ်မှုကို အိန္ဒိယသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်။ တီဗီ၊ အတ်လျှော်စက်၊ မိုဘိုင်းဖုန်းတို့ကို အိန္ဒိယမှာ လာရောက်ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်ထဲသို့ ဖြန့်ချိရောင်းချသည်။ 

ထိုသို့ လာရောက်ထုတ်လုပ်ကြသည်တို့တွင်လည် တရုတ်အီလက်ထရွန်းနစ် ကုမ္ပဏီကြီးများ အဓိကနေရာမှ ပါဝင်နေကြသည်။

တရုတ်ပြည်မှ သွင်းကုန်များ ထည့်ထားသည့် ကွန်တိန်များကို အကောက်ခွန်က စာဖြင့် ထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာ မရှိဘဲ နှုတ်မိန့်ဖြင့် အသေးစိတ် စစ်ဆေးပြီး ကြန့်ကြာစေခဲ့သည်။ ယခင်ကလို မဲနှိုက်ပြီး ကျပန်း စစ်ဆေးခြင်းက မြန်ဆန်သော်လည်း ထိုအစား တစ်လုံးချင်း ဖွင့်စစ်သည်။

တရုတ်ပြည်မှ စီးဝင်သည့် ကုန်စည်များအပေါ် ခက်ခဲကြန့်ကြာအောင် ပြုခြင်းဖြစ်သော်လည်း နစ်နာရသည်မှာ ကုန်ကြမ်းပြတ်လပ်ပါက စက်ရုံရပ်ထားရမည့် အိန္ဒိယ လုပ်ငန်းရှင်များ ဖြစ်သည်။

ဤသို့သော အခြေအနေများတွင် နှစ်နိုင်ငံအကြား တင်းမာမှုများကြောင့် တရုတ်ပြည်အပေါ် မှီခိုနေရခြင်းမှာ ကင်းလွတ်ဖို့ ကြိုးစားသော်လည်း တရုတ်နဂါးလက်များမှ အိန္ဒိယ လုပ်ငန်းရှင်းတို့ လွတ်ကင်းဖို့ ခဲယဉ်းနေဆဲ ဖြစ်သည်။

Insider Business

Investment/Divestment Read 17604 times