တရုတ်လျှပ်စစ်ပစ္စည်းကုမ္ပဏီအတွက် အိန္ဒိယက နေရာကောင်းတစ်ခုဖြစ်လာ


10 November, 2018

တရုတ်ရဲ့ လျှပ်စစ်ပစ္စည်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ မီဒီယာဂရုဟာ အိန္ဒိယမှာ ရူပီး ၁၃.၅ ဘီလျံတန်ဖိုးရှိ သိပ္ပံနဲ့နည်းပညာဥယျာဉ်တစ်ခု စတင်တည်ဆောက်နေပြီလို့ သိရပါတယ်။

သည်ဂရုဟာ ၂၇၀၀၀၀ စတုရန်းမီတာ မြေကွက်ကို လာမယ့်ငါးနှစ်အတွင်းမှာ လေအေးပေးစက်ကွန်ပရက်ဆာတွေ၊ HVAC တွေနဲ့ အိမ်သုံးပစ္စည်းတွေ ထုတ်လုပ်ရေး အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ စီစဉ်နေပါတယ်။

၂၀၂၀ အစောပိုင်းမှာ သည်ဥယျာဉ်ကို စတင်အသုံးပြုမှာဖြစ်ပြီး နှစ်စဉ် လေအေးပေးစက်ကွန်ပရက်ဆာ ၄.၅ သန်း၊ အိမ်သုံးလေအေးပေးစက် ၁.၅သန်း၊ လုပ်ငန်းသုံးလေအေးပေးစက် ၂၅၀,၀၀၀၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရေသန့်စက်နဲ့ ရေအပူပေးစက် ၅၀၀,၀၀၀ တို့ကို ထုတ်လုပ်ဖို့ ခန့်မှန်းထားပါတယ်။

တရုတ်ရဲ့အိမ်အသုံးအဆောင်ပစ္စည်းကုမ္ပဏီကြီးအတွက် အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံဖို့ နေရာကောင်းတစ်ခုဖြစ်လာပြီး မီဒီယာအတွက် အရေးပါတဲ့ ဈေးကွက်တိုးမြှင့်မှုတစ်ခုဖြစ်ပါတယ်။ အိန္ဒိယအိမ်သုံးပစ္စည်းဈေးကွက်ရဲ့အရွယ်အစားက ၂၀၁၉ မှာ ရူပီး ဘီလျံ ၇၀၀ နီးပါးရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

အနာဂတ်မှာ အိန္ဒိယဈေးကွက်အတွက် ဒီဇိုင်းဆွဲခြင်း၊ စမ်းသပ်ခြင်းနဲ့ ထုတ်ကုန်တွေ ပြုလုပ်ဖို့ သုတေသနစင်တာကို မီဒီယာက တည်ဆောက်မှာဖြစ်ပါတယ်။ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ TCL ကလည်း အိန္ဒိယမှာ စက်ရုံထောင်ဖို့ စီစဉ်နေပါတယ်။

KUMUDRA

Investment/Divestment Read 527 times