တရုတ်နှစ်သစ်ကူးနီးကပ်လာသည်နှင့်အမျှ စင်ကာပူနိုင်ငံသည် ပြည်တွင်းနေထိုင်သူများအတွက် ငွေသားလက်ဆောင်ကို ဒီဂျစ်တယ်စနစ်ပြောင်းရန် တောင်းဆိုကြသည်။
မြို့ပြဒေသရှိ လူဦးရေအများစုမှာ တရုတ်လူမျိုးများဖြစ်သည်။ တရုတ်နှစ်သစ်ကူးအတွင်း အမ်ပေါင်း (hongbao) ပေးသော အစဉ်အလာရှိရာ တရုတ်နိုင်ငံတွင် WeChat Pay ကဲ့သို့ မိုဘိုင်းလ်ငွေပေးချေရေး application မှ e-hongbao ပေးခြင်းစနစ်မှာ ခေတ်စားလာသည်။
စင်ကာပူနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော ငွေကြေးအာဏာပိုင်အဖွဲ့သည် ကမ္ဘာပေါ်တွင် Covid-19 ကပ်ရောဂါ ဖြစ်ပွားခဲ့စဉ်က new normal အနေဖြင့် နှစ်သစ်ကူးမုန့်ဖိုးပေးရန် ဒီဂျစ်တယ်စနစ်ကိုမြှင့်တင်ခဲ့သည်။ ၎င်းသည် လူစုလူဝေး မဖြစ်စေသည့်အတွက် Covid-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ပြီး ငွေသားစက္ကူအသုံးပြုမှုကို လျှော့ချနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း ကောင်းမွန်သည်။
စင်ကာပူနိုင်ငံ၏ ဘဏ် ၆ခုသည် Paynow မှတစ်ဆင့် ‘ဒီဂျစ်တယ်စနစ်ဖြင့် နှစ်သစ်ကူးမုန့်ဖိုးပေးခြင်းကို စီစဉ်ပေးခဲ့သည်။ ငွေကြေးအာဏာပိုင်အဖွဲ့ကလည်း ဘဏ်များတွင် လူများတန်းစီစောင့်ရခြင်းကို လျှော့ချရန်အတွက် e-hongbao အသုံးပြုခြင်းကို တောင်းဆိုခဲ့သည်။
ငွေကြေးအာဏာပိုင်အဖွဲ့က တရုတ်နှစ်သစ်ကူးအတွက် ငွေသားအသစ် ထုတ်လုပ်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၃၃၀ ကို ထုတ်လုပ်ခြင်းဖြစ်သည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် တရုတ်နှစ်သစ်ကူးမုန့်ဖိုး တစ်ခုအတွက်သာမဟုတ်ဘဲ ဒီဂျစ်တယ်ငွေကြေးအသုံးပြုမှုကို အားပေးခဲ့သည်။ ၎င်းသည် ဒီဂျစ်တယ်ငွေကြေးအသုံးပြုမှုက စင်ကာပူနိုင်ငံ၏ အလယ်အလတ်ကာလနှင့် ရေရှည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ယုံကြည်ထားသည်။
တရုတ်လူမျိုး ၂၀ ရာခိုင်နှုန်းရှိသော မလေရှားနိုင်ငံတွင် ဒီဂျစ်တယ် နှစ်သစ်ကူးမုန့်ဖိုးပေးခြင်းကို စတင်နိုင်သည်။ မလေးရှားနိုင်ငံတွင် coronavirus ကူးစက်မှုမှာ နောက်ထပ်လှိုင်းထသည့်အတွက် e-hongbao ပေးခြင်းမှာ တိုးတက်လာနိုင်သည်။ ဒီဂျစ်တယ်နည်းဖြင့် hongbao ပေးခြင်းသည် ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရုံသာမက စီးပွားရေးပေါ် အပြုသဘောဆောင်စေသည်။ E-hongbao ပေးခြင်းကဲ့သို့ ဓလေ့အသစ်သည် အရှေ့တောင်အာရှတွင် အမြစ်တွယ်နိုင်သည်။