Citigroup ရဲ့ လက်လီကဏ္ဍ ဘဏ်လုပ်ငန်းခွဲများ UOB က စင်ဒေါ်လာ ၅ ဘီလျံဖြင့်ဝယ်ယူ


17 January, 2022

Citigroup ရဲ့ လက်လီကဏ္ဍ ဘဏ်လုပ်ငန်းခွဲများ UOB က စင်ဒေါ်လာ ၅ ဘီလျံဖြင့်ဝယ်ယူ

Citigroup က အရှေ့တောင်အာရှ‌ေဈးကွက်များမှ ၎င်းရဲ့လက်လီကဏ္ဍလုပ်ငန်းများကို United Overseas Bank (UOB) ထံ စင်ကာပူဒေါ်လာ ၅ သန်းခန့်(ကန်ဒေါ်လာ ၃.၇ ဘီလျံ)ဖြင့် ရောင်းချဖို့ သဘေတူညီမှု ရှိခဲ့ပါတယ်။
အမေရိကန်ဘဏ်လုပ်ငန်း Citigroup က ဈေးကွက် ၁၃ မှာ လုပ်ကိုက်နေတဲ့ လက်လီကဏ္ဍ ဘဏ်လုပ်ငန်းများမှ ထွက်ခွာဖို့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်လိုက်တာ ဖြစ်ပါတယ်။

ဘဏ်နှစ်ခု အရောင်းအဝယ် ပမာဏက နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံးဖြစ်ပြီး အရှေ့တောင်အာရှ ဈေးကွက် ၄ ခုဖြစ်တဲ့ ဗိယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားတို့မှာ UOB ရဲ့ လက်လီဖောက်သည်အ‌ခြေကို နှစ်ဆတိုးစေတယ်လို့ ဆိုပါတယ်။ UOB အနေဖြင့် DBS Group နဲ့  OCBC အပါအဝင် မိမိထက် ပိုကြီးမားတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နေရတဲ့ ဈေးကွက်တွေ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ တတိယအကြီးမားဆုံး ဘဏ်လုပ်ငန်း UOB က ၄ နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်ခွဲ ၂၄ ခုကို ဘဏ်ခွဲများနှင့် လုပ်ကိုက်နေတဲ့ စားသုံးသူများ၊ ဖောက်သည်များ၊ ငွေစာရင်းများ အစရှိသည်တို့ကို လက်ဝယ်ရရှိမှာဖြစ်ပြီး Citi မှာ လုပ်ကိုင်လျက်ရှိတဲ့ ဝန်ထမ်း ၅,၀၀၀ ခန့်ကိုလည်း UOB ထံ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

Citi ထံမှ လက်လီကဏ္ဍ ဝယ်ယူဖို့ အခြားဘဏ်များက စိတ်ဝင်တစား ရှိကြသော်လည်း ဈေးကွက် ၄ ခုစလုံးမှ လက်လီကဏ္ဍတစ်ခုလုံး ဝယ်ယူဖို့  UOB က သဘောတူတာကြောင့် UOB နဲ့ အရောင်းအဝယ် တည့်သွားခဲ့တာ ဖြစ်ပါတယ်။
UOB အနေဖြင့် ပြင်ပမှ ရန်ပုံငွေ ရယူခြင်း မပြုဘဲ မိမိမှာရှိတဲ့ ရန်ပုံငွေဖြင့် ဝယ်ယူမှာ ဖြစ်ပါတယ်။


၂၀၂၁ မတ်လမှာ Citigroup ရဲ့ စီအီးအို တာဝန် စတင်ထမ်းဆောင်ခဲ့သူ Jane Fraser က အမြတ်ပိုရဖို့ မဟာဗျူဟာ အပြောင်းအလဲများ ချမှတ်ခဲ့ပါတယ်။

Jane Fraser


Jane Fraser ရဲ့ မဟာဗျူဟာ အပြောင်းအလဲ တွေမှာ တစ်ချက်က ဩစတေးလျ၊ တရုတ်နဲ့ အိန္ဒိယ အပါအဝင် ဈေးကွက် ၁၃ ခုမှာ လုပ်ကိုင်နေတဲ့ လက်လီကဏ္ဍမှ ထွက်ခွာရန် ဖြစ်ပါတယ်။ အဲဒီဈေးကွက်တွေရဲ့ လက်လီကဏ္ဍမှာ Citi က ယှဉ်နိုင်လောက်တဲ့ အရွယ်အစား မကြီးမားလို့ အရာမ‌တွင် ဖြစ်နေတာကြောင့် ထွက်ခွာတာ ဖြစ်ပါတယ်။
ခြုံငုံပြောရရင် Consumer Banking လို့ခေါ်တဲ့ တစ်ဦးချင်းဆီကို ဝန်ဆောင်မှု ပေးရတဲ့ Consumer Banking သို့မဟုတ် Retail Banking လက်လီဘဏ် အပိုင်းမှ ထွက်ခါမှာ ဖြစ်ပြီး Company အဖွဲ့အစည်းတွေကို ဝန်ဆောင်မှုတွေ ပေးတဲ့ Corporate Banking ကို အသားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Citi က ဖိလစ်ပိုင်၊  တောင်ကိုရီးယား၊ ဩစတေးလျတို့မှ consumer bank လုပ်ငန်းတွေကို ရောင်းဖို့ သဘောတူခဲ့ပြီး ယခုအခါ မက္ကဆီမှ consumer bank လုပ်ငန်းကို ရောင်းချဖို့ စီစဉ်နေပါတယ်။ အိန္ဒိယ၊ တိုင်ဝမ်၊ တရုတ်တို့မှာ လုပ်ကိုင်နေတဲ့ လက်လီကဏ္ဍမှ ထွက်ခွာမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

UOB က ဈေးကွက် ၄ ခုမှ  Citigroup ရဲ့ ၂၀၂၁ ပထမနှစ်ဝက်မှာ ဝင်ငွေ စင်ကာပူဒေါ်ခာ သန်း ၅၀၀ ရရှိခဲ့တဲ့  စားသုံးသူလုပ်ငန်းပိုင်းကို ဝယ်ယူတဲ့အတွက် ၂၀၂၁ ဇွန်လ ၃၀ ရက် စာရင်းအရ စားသုံးသူအခြေ ဦးရေ ၂.၄ သန်းဝန်းကျင်ကို ရရှိမှာ ဖြစ်ပါတယ်။  အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဈေးကွက်ဖြစ်တဲ့ အင်ဒိုနီးရှားမှာ ထိပ်တန်း လက်လီဘဏ် ၁၀ ခုထဲ စာရင်းဝင်သွားမှာ ဖြစ်ပါတယ်။ မလေးရှားမှာတော့ ထိပ်တန်း ၅ ခုထဲ စာရင်းဝင်သွားမှာ ဖြစ်ပါတယ်။

Investment/Divestment Global News Read 447 times