သြဂုတ်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးနိုင်ခြင်း မရှိ


17 September, 2021

ပြီးခဲ့သည့် သြဂုတ်လအတွင်း မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးနိုင်ခဲ့ခြင်း မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန် ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် ဇူ လိုင်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုပမာဏ ကျပ် ၂၂၃၀၀ ဒသမ ၄၄၁ ဘီလျံ ရှိ လုပ်ငန်းပေါင်း ၁၈၂၆ ခု ခွင့်ပြုပေးထား ကြောင်း DICA မှ သိရသည်။

အဆိုပါ ဇူလိုင်လကုန်အထိ ခွင့်ပြုပေး ခဲ့သောပမာဏအတိုင်းသာ ၂၀၂၁ ခုနှစ် သြဂုတ်လကုန်အထိ ဆက်လက်ရှိနေခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံခွင့်ပြုပေးနိုင် ခဲ့ခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်ခြံမြေဖွံ့ဖြိုး ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှု ဇုန်ကဏ္ဍ (Industrial Estate) ၊ စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ သတ္တု တွင်းထွက်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍ စသည့်စီးပွားရေးကဏ္ဍ ၁၂ ခုတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ အဓိကခွင့် ပြုပေးနေခြင်းဖြစ်သည်။

အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၄၈၈၄ ဘီလျံကျော်ရှိ လုပ်ငန်း ၉၈ ခု၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၉၃၅ ဘီလျံ ကျော်ရှိ လုပ်ငန်း ၉၇၂ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပ မာဏ ကျပ် ၂၈၀၂ ဘီလျံကျော်ရှိ လုပ်ငန်း ၅၄ ခု ခွင့်ပြုထားကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၃၆၇ ဘီလျံကျော်ရှိ လုပ်ငန်း ၂၀၉ ခု၊ ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၅၅ ဘီလျံ ကျော်ရှိ လုပ်ငန်း ၆၈ ခု၊ စက်မှုဇုန်ကဏ္ဍ Industrial Estate တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၈၉၉ ဘီလျံကျော်ရှိ လုပ်ငန်း ၁၂ ခု၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာ ဏ ကျပ် ၈၉၆ ဘီလျံရှိ လုပ်ငန်း ၂၆ ခု၊ မွေးမြူ ရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၄၀၉ ဘီလျံကျော်ရှိ လုပ်ငန်း ၉၈ ခု ခွင့်ပြုထားသည်။

သတ္တုတွင်းထွက်ကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုပမာဏ ကျပ် ၂၁၂ ဘီလျံကျော်ရှိလုပ်ငန်း ၇၂ ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၉၁ ဘီလျံကျော်ရှိ လုပ်ငန်း ၂၁ ခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၃ ဘီလျံကျော်ရှိ လုပ်ငန်း ၂ ခု၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၆၃၁ ဘီလျံ ကျော်ရှိ လုပ်ငန်း ၁၉၄ ခု  ခွင့်ပြုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လ နှစ် လအတွင်း မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ငါးသန်းကျော်တန်ဖိုးရှိသည့် နိုင်ငံခြားရင်း နှီးမြှုပ် နှံမှုတစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း DICA မှ သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လ နှစ် လအတွင်း မြန်မာနိုင်ငံအနေဖြင့် ကုန် ထုတ် လုပ်မှုကဏ္ဍ$ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ် လာ ၅ ဒသမ ၃ သန်းရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံ မှုလုပ်ငန်းတစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့သည်။

မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှု ဒေါ်လာ သုည ဒသမ ၄ သန်းကျော်ရှိခဲ့သည်။ အဆိုပါ နှစ်လအ တွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစု ပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၇၇၈ သန်းရှိခဲ့သည်။

 

news-eleven.com/

Investment/Divestment Read 839 times