City Express Myanmar နှင့် Money King ငွေလွှဲလုပ်ငန်းလိုင်စင်ရရှိ


18 January, 2021

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က City Express Myanmar နှင့် Money King တို့ကို နိုင်ငံတကာ ငွေကြေးလဲလှယ်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လိုင်စင်ထုတ်ပေးခဲ့သည်။ 

ထိုဝန်ဆောင်မှုလုပ်ငန်းကို အခြားနိုင်ငံတွင် အလုပ်သွားလုပ်ကြသော မြန်မာနိုင်ငံသားများ ၎င်းတို့၏ အိမ်ကို ပိုက်ဆံပေးပို့ ကြရာ၌ တရားဝင်လမ်းကြောင်းဖြစ်သော ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်ကြစေရန် ရည်ရွယ်သည်။ ငွေလွှဲလိုင်စင်ပေးအပ်ခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ တရားမဝင် ငွေကြေးလဲလှယ်ခြင်းကို လျှော့ချရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြားငွေလွှဲလိုင်စင်ရသော ကုမ္ပဏီများမှာ-

OK Money,

OK Zune,

Top Shine Money Changer & Gold Trading,

Wahkema Money Changer နှင့်

2C2P တို့ဖြစ်ကြသည်။

ထိုကဲ့သို့ နိုင်ငံခြားငွေလွှဲ လိုင်စင်ရရှိထားသော ကုမ္ပဏီသည်  ဘဏ်အပ်နှံငွေ အနည်းဆုံး မြန်မာကျပ်ငွေ သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၇၅,၀၀၀) အာမခံအဖြစ် ရှိရမည်ဖြစ်သည်။ City Express Myanmar ကို ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၄ နာရီ အချိန်မရွေးဝယ်ယူနိုင်သော စတိုးဆိုင်များ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိသည်။

၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သော Money King သည် ကိုယ်ပိုင်ချေးငွေများ၊ credit cards နှင့် ကားအာမခံခြင်း အစရှိသော ငွေကြေးဆိုင်ရာ ထုတ်ကုန်များ ဝန်ဆောင်မှု ပေးအပ်သူများကို စားသုံးသူတို့က နှိုင်းယှဉ်လေ့လာ သိရှိနိုင်ရန်စီစဉ်ပေးထားသော  online platform တစ်ခုဖြစ်သည်။

Banking & Loan Read 267 times