CMA CGM ပထမဆုံး ကားတင်သင်္ဘော ပွဲဦးထွက်ခရီးစဉ် ကုန်ချဆိပ်ကမ်း ဆိုက်ကပ်


23 February, 2024

CMA CGM ပထမဆုံး ကားတင်သင်္ဘော ပွဲဦးထွက်ခရီးစဉ် ကုန်ချဆိပ်ကမ်း ဆိုက်ကပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ကွန်တိန်နာသင်္ဘောလိုင်းကြီး CMA CGM ၏ ရေယာဉ်စုတွင် ပထမဆုံး ကားတင်သင်္ဘောဖြစ်သည့် အစီးရေ ၇,၀၀၀ ဝန်းကျင် တင်ဆောင်နိုင်သည့် LNG နှင့် သမားရိုးကျ ရေကြောင်းလောင်စာဆီ နှစ်မျိုးသုံး dual-fuel အင်ဂျင်များ တပ်ဆင်ထားသည့် CMA CGM Indianapolis သည် ပထမဆုံး ခရီးစဉ်၏ ကုန်ချဆိပ်ကမ်းဖြစ်သည့် ဂျာမနီမှ BLG AutoTerminal Bremerhaven တွင် ဆိုက်ကပ်ပါသည်။ 

ပြင်သစ်သင်္ဘောလုပ်ငန်းစု CMA CGM သည် ယခင်က Bremerhaven ဆိပ်ကမ်းကို ကွန်တိန်နာသင်္ဘောများသာ ဆိုက်ကပ်ခဲ့ပါသည်။

အလျား ၁၉၉.၉ မီတာရှိသည့် CMA CGM Indianapolis သည် Bremerhaven တွင် ကုန်ချခြင်းအပြင် LNG ဘန်ကာယူပါသည်။

 

CMA CGM Indianapolis ကားတင်သင်္ဘောအသစ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် CMA CGM လက်ခံရရှိခဲ့ပါသည်။ 

 

တရုတ်နိုင်ငံ Weihai ရှိ China Merchants’ Jinling Shipyard သည်  CMA CGM Indianapolis ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် ပိုင်ရှင်ဖြစ်သူ စင်ကာပူမှ Eastern Pacific Shipping EPS ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး CMA CGM က ချာတာအငှား စတင်ရယူပါသည်။ 

 

EPS က CMA CGM ကို ချာတာငှားရန် ဆင်တူ ကားတင်သင်္ဘော ၄ စီး အသစ်တည်ဆောက်ရန် အမှာစာ ပေးအပ်ထားရာ၌ CMA CGM Indianapolis သည် ပထမဆုံး တည်ဆောက်ပြီးစီးသည့် သင်္ဘော ဖြစ်ပါသည်။ ကျန်သည့် ၃ စင်းကို ယခုနှစ်အတွင်း ရရှိမည် ဖြစ်ပါသည်။ 

၎င်းသင်္ဘောများ၏ ချာတာအငှားသက်တမ်းမှာ ၁၀ နှစ် ဖြစ်ပါသည်။ 

 

CMA CGM Indianapolis တွင် ကုန်းပတ် ၁၂ ထပ်ပါပြီး ကားအစီးရေ ၇,၀၀၀ ဝန်းကျင် တင်ဆောင်နိုင်ပါသည်။ 

LNG သိုလှောင်ရန် ၂,၀၀၀ ကုဗပေ အရွယ်အစား လှောင်ကန် နှစ်ခု တပ်ဆင်ထားပါသည်။

 

CMA CGM သည် ကားတင်သင်္ဘော ပြေးဆွဲရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့ပါသည်။ CMA CGM Group မှ အစိတ်အပိုင်းတခု ဖြစ်သော CEVA Logistics  က ၂၀၂၃ ခုနှစ် မေလတွင် ကားတင်သင်္ဘောများ စတင်ပြေးဆွဲမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါသည်။

 

CMA CGM သည် တရုတ်မှ ဥရောပသို့ ပေးပို့သည့် ကားများကို အဓိကအားဖြင့် ပို့ဆောင်မည် ဖြစ်သည်။ သင်္ဘော ၄ စီးဖြင့် ပြေးဆွဲပြီး တနှစ်လျှင် ကားအစီးရေ ၁၄၀,၀၀၀ ပို့ဆောင်ရန် ရည်မှန်းထားပါသည်။

 

Source marineinsight


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Port Sea Read 1220 times