CMA CGM ကွန်တိန်နာသင်္ဘော ဘေးမသီ ရန်မခ ပင်လယ်နီ ဖြတ်သန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ


23 February, 2024

CMA CGM ကွန်တိန်နာသင်္ဘော ဘေးမသီ ရန်မခ ပင်လယ်နီ ဖြတ်သန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ပြင်သစ် သင်္ဘောလိုင်း CMA CGM က ယခုလအစောပိုင်းတွင် လုံခြုံရေးအန္တရာယ်ကြောင့် ပင်လယ်နီ ဖြတ်သန်းမှုများကို ရပ်ဆိုင်းထားပြီးနောက် ယခုအခါ  ၎င်း၏ ကွန်တိန်နာသင်္ဘော Jules Verne သည် ပြင်သစ်ရေတပ် အစောင့်အကြပ်ဖြင့် ပင်လယ်နီကို ဖြတ်သန်းခဲ့ကြောင်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၀)တွင် ကြေညာချက် ထုတ်ပြန်သည်။

 

 "ပြင်သစ်ရေတပ် တပ်ဖွဲ့များနှင့် ညှိနှိုင်းပြီး CMA CGM Jules Verne သည် ဖရီးဂိတ် စစ်သင်္ဘော Alsace  အစောင့်အကြပ်ဖြင့် ပင်လယ်နီကို အဖြစ်အပျက် တစုံတရာ မရှိဘဲ ဖြတ်သန်းခဲ့သည်ဟု CMA CGM က ကြေညာချက်တွင် ဖော်ပြထားသည်။

 

ပင်လယ်နီ၏ တောင်ဘက်စွန်းရှိ Bab al-Mandab ရေလက်ကြားကို ရှောင်ရှားရန် ဆုံးဖြတ်ချက်သည် ယီမင်ရှိ ဟူသီစစ်သွေးကြွများက သင်္ဘောများကို တိုက်ခိုက်လျက် ရှိရာ၌  CMA CGM ၏ သင်္ဘောများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် စူးအက်တူးမြောင်း ပင်လယ်နီ ရေလမ်းကြောင်း အသုံးမပြုရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အခြားသော သင်္ဘောကုမ္ပဏီကြီးများကလည်း အာရှနှင့် ဥရောပအကြား ကုန်သွယ်မှုအတွက် အဓိကလမ်းကြောင်းဖြစ်သော စူးအက်တူးမြောင်း ပင်လယ်နီ ရေကြောင်းခရီး အသုံးပြုခြင်းကို ရပ်ဆိုင်းထားကြသည်။

 CMA CGM Jules Verne သည် စူးအက်တူးမြောင်းကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဖြတ်သန်းခဲ့ပြီး ပင်လယ်နီတောင်ပိုင်း ဂျီဘူတီ အနီးသို့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရောက်ရှိခဲ့ပါသည်။

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Sea Read 628 times