CMA CGM  သင်္ဘောအချို့ ပင်လယ်နီ ပြန်လည်ဖြတ်သန်းမည်


02 March, 2024

CMA CGM  သင်္ဘောအချို့ ပင်လယ်နီ ပြန်လည်ဖြတ်သန်းမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ပြင်သစ်မှ ကွန်တိန်နာသင်္ဘောလိုင်းကြီး  CMA CGM မှ အဖွဲ့သည် လုံခြုံရေး စိုးရိမ်မှုများကြောင့်  ပင်လယ်နီ-စူးအက်တူးမြောင်း ရေလမ်းကြောင်းကို နှစ်ကြိမ်တိုင်တိုင် ဆိုင်းငံ့ထားပြီးနောက် ပင်လယ်နီတောင်ပိုင်းကို ဖြတ်သန်းသွားလာမှုအချို့ ထပ်မံကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

 

ဟူသီစစ်သွေးကြွတို့က ပင်လယ်နီတောင်ပိုင်းကို ဖြတ်သန်းသည့် ပင်လယ်ရေကြောင်းသင်္ဘောများကို တိုက်ခိုက်သည့် ကြိမ်ရေ ပိုများလာနေစဉ်မှာ CMA CGM Group က ယခုလို အသိပေးကြေညာလိုက်ခြင်း ဖြစ်သည်။

အခြားသော အဓိကကျသည့် သင်္ဘောကုမ္ပဏီကြီးများသည် ယင်းဒေသကို ဆက်လက်ရှောင်ရှားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ကြသည်။

 

CMA CGM Group သည် ပင်လယ်နီ၏ တောင်ပိုင်းဒေသရှိ တိုးတက်ပြောင်းလဲလာသော အခြေအနေများကို ပြန်လည်အကဲဖြတ်ပြီး သင်္ဘောတစီးချင်းအလိုက် စဉ်းစားဆုံးဖြတ်ပြီး ပင်လယ်နီ ရေလမ်းကြောင်းကို အသုံးပြုသွားမည်ဟု CMA CGM ၏ ဖေဖော်ဝါရီလ ၂၈ တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

CMA CGM သည် ၎င်း၏ သင်္ဘောအချို့ကို တစီးချင်း ပင်လယ်နီကို ဖြတ်သန်းစေမည်ဖြစ်ပြီး ရေတပ်‌ အစောင့်အရှောက်ဖြင့်သာ ဖြတ်သန်းမည် ဖြစ်သည်။ 

ယခင်ကလည်း ပြင်သစ်ရေတပ်သည် CMA CGM  ကွန်တိန်နာသင်္ဘောများနှင့်အတူ လိုက်ပါစောင့်ရှောက်ပေး‌ခဲ့ပါသည်။ 

 

ပြင်သစ်ရေတပ်သည် EUNAVFOR Aspides အမည်ဖြင့် ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နှင့် အနီးတစ်ဝိုက်ဒေသတို့တွင် ကာကွယ်ရေးစီမံချက်များကို စတင်လုပ်ဆောင်နေသည့် ဥရောပသမဂ္ဂနှင့် ပူးပေါင်းထားပါသည်။

Source Marineinsight 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Sea Read 2181 times