ကိုကိုကျွန်းမြို့နယ်အား လက်ရှိတွင် (350)kVA ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ည (၀၆:၀၀) နာရီမှ ည (၁၂:၀၀)နာရီအထိ တစ်နေ့လျှင် (၆)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာမှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် Solar စနစ်ဖြင့် အားဖြည့်ရန် နေရောင်ခြည်စွမ်းအင်သုံး Solar Hybrid System ဖြင့် ဓာတ်အားပေးနိုင်ရန် ( Co Co Solar Power Plant ) ( CCSPP ) စီမံကိန်း (0.5)MW တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဩဂုတ်လ ၇ ရက်တွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ သာကေတ ဆိပ်ခံတံတား၌ ကိုကိုးကျွန်းမြို့ (၂၄)နာရီမီးလင်းရေး၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို ကိုကိုးကျွန်းသို့ သင်္ဘောဖြင့် တင်ပို့ရန်ဆောင်ရွက်ရှိရာရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌနှင့် တာဝန်ရှိသူများသွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှထုတ်ပြန်သည်။