ကယားပြည်နယ်တွင် ကော်ဖီစက်ရုံတည်ထောင်သွားမည်


13 July, 2018

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နှင့် ဖရူမြို့နယ်အတွင်း ကုမ္ပဏီ တစ်ခုမှ စီမံကိန်းကာလ ငါးနှစ်သတ်မှတ်ပြီးဒေသခံများနှင့်အကျိုးတူ ပူးပေါင်းကာ ဧက ၅ဝဝဝဝ ခန့် ကော်ဖီစိုက်ပျိုးမည်ဖြစ်ကာ တင်ပို့ရောင်းချနိုင်သည်အထိ စက်ရုံများတည်ထောင်သွားရန် စီစဉ်ထားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

ကော်ဖီစိုက်ပျိုးမှုအားဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်းဆောင်ရွက်လျက်ရှိသော အောင်နေလင်းထွန်းကုမ္ပဏီမှ နည်းပညာပေးခြင်း၊သွင်းအား စုပေးခြင်း၊ဈေးကွက်ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး

ပြည်နယ်အတွင်းကော်ဖီစိုက်ပျိုးရုံသာ မဟုတ်ပဲ ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်သည်အထိစက်ရုံများ တည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကော်ဖီပင်သည် သုံးနှစ်မှ စတင်ခူးဆွတ်နိုင်မည်ဖြစ်သောကြောင့် စိုက်ပျိုးသည့်တောင်သူများ ငွေကြေးခက်ခဲမှု မရှိစေရေး ကြားညပ်သီးနှံများ စိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့်

လက်ရှိအချိန်တွင် ဖရူဆိုမှ တောင်သူ ၁၂ ဦးရောင်းချပေးသည့် Organic ကော်ဖီ ပိဿာ ၃ဝဝ ကို ကော်ဖီထုတ်လုပ်ပြီး ဂျပန်သို့ တင်ပို့ရောင်းချခဲ့ရာ ကြိုက်နှစ်သက်မှု ရှိကြောင်း သိရသည်။

Pyi Myanmar

Local News Read 736 times