အီလက်ထရောနစ်ဒေတာဖြင့် ကုန်သွယ်ဘက်နိုင်ငံများသို့ပေးပို့မည့်စနစ်အား မကြာမှီအချိန်အတွင်း စတင်ဆောင်ရွက်သွားမည်


22 September, 2020

အသိပေးကြေညာချက်

၁။ ကုန်သွယ်ရေးဦးစီးဌာနကစိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသောCO Form များအနက်သက်ဆိုင်ရာFree Trade Area၏ လုပ်ထုံး လုပ်နည်း အရ ခွင့်ပြုထားသောအချို့ CO Form များကိုလက်မှတ်နှင့်ရုံးတံဆိပ်များကို Electronic စနစ်ဖြင့်စိစစ်ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက်ဆောင်ရွက် လျက်ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ co Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများမှ ဒါရိုက်တာစာရင်းပါ ဒါရိုက်တာနှစ်ဦး၏ အမည်၊ ရာထူး၊ လက်မှတ်နမူနာနှင့် ကုမ္ပဏီဆိုင်ရာအချက်အလက်များကို http://www.myanmartradenet.com.mm/signature/ တွင်ဝင်ရောက် Edit ပြုလုပ်၍ အင်္ဂလိပ်ဘာသာဖြင့်အချက်အလက်များဖြည့်သွင်းပေးပါရန်၊ ဒါရိုက်တာ(၂) ဦးအနက် ပထမဦးစားပေးသတ်မှတ်မည့် ဒါရိုက်တာ အား ကုမ္ပဏီမှ ရွေးချယ်ပေးပါရန်နှင့်လက်မှတ်နမူနာကိုအောက်ပါ သတ်မှတ်ချက်များနှင့် အညီUploadပြုလုပ်ပေးပါရန် -

(က) A4 size စာရွက်အဖြူ (၁) ရွက်ပေါ်တွင် (၃)လက်မပတ်လည်အကွက်အတွင်း Soft Pen မင်လုံး ၀.၅ mm အနည်းဆုံးရှိ မင်အပြာ (သို့) ခရမ်းရောင်ဖြင့် လက်မှတ်ရှည်တစ်ချက်သာ (ရက်စွဲမပါဘဲ ) အပြည့်ထင်ရှားစွာရေးထိုးရန်၊

(ခ) ၎င်းလက်မှတ်အား Scan (သို့) ဓါတ်ပုံရိုက်ရာတွင် (၃)လက်မ ပတ်လည်အကွက်အား အနီးကပ်အပေါ်တည့်တည့်မှရိုက်ရန်၊အရိပ်မကျစေရန်နှင့် အလင်းမပြန်စေရန်၊

(ဂ) ထိုScan(သို့) ဓါတ်ပုံရိုက်ထားသည့် JPG filesize သည် 2 MBထက်မကြီးရန်၊

၃။ အချက်အလက်များအားhttp://www.myanmartradenet.com.mm/signature/ တွင် (၅-၁၀-၂၀၂၀) ရက်နေ့နောက်ဆုံးထား၍ ဖြည့်သွင်းပေးပါရန် အသိပေးကြေညာအပ်ပါသည်။ အကယ်၍ ရှင်းလင်းမှုမရှိပါက ၀၆၇-၃၄၀၈၂၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

Export, Import Read 505 times