ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှု


12 January, 2018

ပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ ငွေကြေးဖောင်းပွမှုကို အဓိကအားဖြင့် ပေါ်ထွန်းစေတာက နိုင်ငံတွေမှာ ငွေကြေးကို အဆမတန်လွန်ကဲစွာ ရိုက်နှိပ်ထုတ်ဝေကြလို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံရဲ့အခြေအနေအရ မလိုအပ်ဘဲ ငွေစက္ကူတွေကို လွန်ကဲစွာရိုက်နှိပ်မှုကနေ အဆမတန်ငွေကြေးဖောင်းပွမှု (Hyper-Inflation) ကိုဖြစ်စေပါသည်။

၂၀၀၈ ခုနှစ်မှာ ဇင်ဘာတွေက အာဖရိကလူမျိုးတွေက အမြင့်မားဆုံးသော ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားခဲ့ရပြီး မြင့်မားသော ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းက ၅၀၀ ဘီလျံ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုကြောင့် ငွေတန်ဖိုးကျဆင်းသွားတာလို့ တင်စားခေါ်ကြပြီး ၁၉၉၄ ခုနှစ် အာမေးနီးယားနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၂၇၀၀၀ ရာခိုင်နှုန်းရှိပြီး၊ ၁၉၉၁ ခုနှစ် နီကာရာဂွာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၆၀၀၀၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။

သမိုင်းမှာ ထင်ရှားခဲ့သော ၁၉၂၂-၁၉၂၃ ခုနှစ် ဂျာမနီနိုင်ငံမှာဖြစ်ခဲ့သည့် ငွေကြေးဖောင်းပွမှုထက် များစွာကျော်လွန်နေပြီး ဂျာမနီနိုင်ငံမှာဖြစ်ခဲ့သော Hyper-Inflation သည် တစ်ရက်ကို ငွေကြေးဖောင်းပွမှုနှုန်း ၁၆ ရာခိုင်နှုန်းရှိပြီး ငါးလအတွင်းမှာ ၅၀၀ ဘီလျံရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုဖြစ်လျှင် ငွေသဘောတရားကို တတ်သိနားလည်သူများသည် လက်ထဲတွင် ငွေသားကိုကိုင်ထားလေ့မရှိဘဲ အခြားငွေတိုးပွားစေမည့် လုပ်ဆောင်ချက်တွေကို လုပ်ကြလေ့ရှိပါသည်။

အထူးသဖြင့် ရွှေတုံးများဝယ်ထားခြင်း၊ မြေတွေအိမ်တွေ ၀ယ်ယူခြင်းများ ပြုလုပ်လေ့ရှိပြီး ငွေကြေးဖောင်းပွလာပြီး ငွေတန်ဖိုးကျဆင်းလာလျှင် အထိအနာဆုံးသည် ဆင်းရဲသားပြည်သူတွေသာ ဖြစ်ပါသည်။

 တစ်နေ့လုပ်စာ တစ်နေ့ရှာစားကြရတဲ့ဘဝမှာ ငွေကြေးတန်ဖိုးလျော့ကျလာသည့်အတွက် နေ့စဉ်ဝယ်ယူသုံးစွဲနေရသော အဓိကအားဖြင့် နေ့စဉ်စားသောက်နေကြရသော အခြေခံစားကုန်တွေဖြစ်သည့် ဆန်၊ ဆီ၊ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်စျေးတွေ မြင့်တက်လာမှုဖြစ်ပါသည်။

ငွေကြေးကဏ္ဍကို စနစ်တကျကိုင်တွယ်နိုင်လျှင် ငွေကြေးဖောင်းပွမှုလျော့ကျသွားမှာဖြစ်ပြီး ပြည်သူတွေခံစားနေကြရတဲ့ ကုန်စျေးနှုန်းတွေတက်နေတာလည်း အတိုင်းအတာအထိ ကာကွယ်သွားနိုင်မည် ဖြစ်ပါသည်။

 မိမိနိုင်ငံသုံး ငွေကြေးတန်ဖိုးတက်အောင် ပြုလုပ်၍  ပြည်သူပြည်သားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာအောင်လုပ်ပေးခြင်းဖြင့်လည်း ငွေကြေးဖောင်းပွမှုနှင့်  ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အတိုင်းအတာတစ်ခုအထိ တောင့်ခံနိုင်မည်ဖြစ်သည်။

Tips Read 2454 times