အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအနက် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၉ ခုရှိရာမှ ယခုအခါ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ၂ ခုအား အစုရှယ်ယာရောင်းချခွင့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံအသိပေးကြေညာခဲ့သည်။
"အများပြည်သူသို့ အသိပေးကြေညာချက်"
*****************************
၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအနက် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ကြေးမုံသတင်းစာတွင် လည်းကောင်း၊ ထပ်မံ၍ ခွင့်ပြုခဲ့သော ကုမ္ပဏီ ၄ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ကြေးမုံသတင်းစာတွင်လည်းကောင်း ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ ယခုအခါ အောက်ပါကုမ္ပဏီနှစ်ခုသည် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်-
အမတ ဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(AMATA HOLDING COMPANY LIMITED)
တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(TMH TELECOM PUBLIC COMPANY LIMITED
၃။ ယခုကြေညာချက်အပါအဝင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခု မှလွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်မရှိပါကြောင်းနှင့် အများပြည်သူသို့ အစုရှယ်ယာရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများရှိလာပါက ၎င်းကုမ္ပဏီများ၏ စာရင်းကို ဆက်လက် အသိပေးထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် အသိပေး ကြေညာအပ်ပါသည်။
Xinhua/ dica