ထိုင်းနိုင်ငံကို ပြည်တွင်းထွက် ပြောင်းများ တစ်နေ့လျှင် ကားအစီးရေ ၁၀၀ ကျော် တင်ပို့နေရ


10 April, 2019

ပြည်တွင်းမှ ထွက်ရှိတဲ့ပြောင်းများကို တရုတ်နိုင်ငံဆီ တင်ပို့မှုရပ်ဆိုင်းနေပေမယ့် ထိုင်းနိုင်ငံကိုတော့ နေ့စဉ် ကားအစီးရေ (၁၀၀) ကျော် တင်ပို့နေရတယ်လို့ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးသည် လတ်တလောမှာ တရုတ်နိုင်ငံမှ ပြောင်းအပါအဝင် ဆန်၊ ဆန်ကွဲ၊ ပဲ၊ သကြားတို့ကို ဝယ်ယူမှုမရှိတဲ့အတွက် တင်ပို့မှု လျော့ကျနေပေမယ့် ထိုင်းနိုင်ငံကိုတော့ တင်ပို့နေရပါတယ်။

ဦးအောင်မိုးက တရုတ်နိုင်ငံဘက်က အဝယ်ရပ်နေပေမယ့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို နယ်စုံကနေ ပြောင်းကားတွေ နေ့စဉ် ရာနဲ့ချီပြီး အဝင်ရှိတယ်။ သင်္ကြန်ပြီးရင်တော့ ဘယ်လိုဖြစ်ဦးမလဲမသိဘူးလို့ ပြောပါတယ်။

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတွင် လတ်တလော ပြောင်းတစ်ပိသာကို ငွေကျပ် ၅၂၀ ဝန်းကျင်ဖြင့် ဝယ်ယူလျက်ရှိပြီး ပြောင်းအထွက်နှုန်းကောင်းမွန်တဲ့အပြင် ပြည်တွင်းပြည်ပဝယ်လိုအား နည်းပါးနေတဲ့အတွက် ပြောင်းဈေးနှုန်းမာျး အရင်နှ်စ်ကထက် ကျဆင်းလျက်ရှိနေတယ်လို့ ပြောင်းကုန်သည် ဦးကြည်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစားသုံးမှုထက် နှစ်စဉ်ပိုလျှံစွာ ပြောင်းထုတ်လုပ်နိုင်ပြီး ပြောင်းတင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံဆီ တင်ပို့နေရကာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ကိုလည်း တင်ပို့နေပါတယ်။ ပြည်ပနိုင်ငံများကို ပြောင်းတင်ပို့တဲ့ အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံက ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

Myawaddy

Export, Import Read 886 times