အခွန်ကောက်ခံမှုနှုန်းမြှင့်မားသောနိုင်ငံများ


21 March, 2018

အခြားနိုင်ငံများတွင်ကောင်းမွန်သောအရာများဖြစ်သော စီးပွားရေးလည်ပတ်ပုံနှင့် အခွန်ငွေများအကြောင်းကို သိရှိရန်တင်ပြပေးလိုက်ပါသည်။

များစွာသော ဆိုရှယ်လစ်နိုင်ငံများတွင် အခွန်ကောက်ခံမှုမှတဆင့် အခမဲ့ကျန်းမာရေးထောက်ပံ့မူ နှင့် အခမဲ့ ပညာသင်ယူခွင့် စသည်ဖြင့် ရရှိကြပါသည်။

ယနေ့တွင်နိုင်ငံတကာတွင် အခွန်ကောက်ခံမူကို အမှန်တစ်ကယ်လုပ်ဆောင်နေကြပါသည်။

အောက်တွင်အခွန်ကောက်ခံမူအမြင့်ဆုံးနိုင်ငံမှစ၍ အစဉ်လိုက်ဖော်ပြပေးလိုက်ပါသည်။

1.Belgium – 42.0%

ဘယ်ဂျီယံနိုင်ငံတွင် ဝင်ငွေအပေါ်လိုက်၍ အခွန်ဆောင်မှုများကွဲပြားသွားပါသည်။

ဝင်ငွေမြင့်မားသူတစ်ဦးသည် အခွန်ငွေ ပိုမို ပေးဆောင်ရပါသည်။

အလုပ်လုပ်ကိုင်သူများသည် အခွန်ကို မိမိတို့ဝင်ငွေမှ ၅၀% ပေးဆောင်ရပါသည်။

လူမှုဖူလုံရေးအတွက်ကို ဝင်ငွေ၏ ၁၃.၀၇% ပေးဆောင်ရပါသကဲ့သို့ အခြားလူမူရေး နှင့် စီးပွားရေးကုန်ကျမူ အတွက် သင့်အခွန်မှ နုတ်ယူနိုင်ပါသည်။

ဘယ်ဂျီယံနိုင်ငံသည် ကမ္ဘာပေါ်တွင် အားလုံးထက် အခွန်ကောက်ခံမူအမြင့်ဆုံး နိုင်ငံ ဖြစ်သည်။

2.Germany – 39.7%

ဂျာမနီနိုင်ငံသည် အခွန်ကောက်ခံမူ စနစ်အရ တစ်ဦးချင်းစီ၏ဝင်ငွေ ၃၉.၇% သည် ထိပ်တန်းအခွန်ဖြစ်သည်။ထိုစနစ်အရ မြို့တော် တိုးတက်မူ၊အလုပ်အကိုင်လုပ်ခ၊ငွေစုခြင်း၊ရင်းနှီးမြူပ်နှံခြင်း နှင့်စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မူတို့အတွက် အခွန်ကောက်ခံခြင်းဖြစ်သည်။

ဘုရားကျောင်းတစ်ခုသည် ၈% မှ ၉% အထိပေးဆောင်ရသည်မှာ ထူးခြားချက်ဖြစ်သည်။အခွန်ငွေကောက်ခံမူ များပြားသော်လည်းအခမဲ့ ကျူရှင်များရှိသလို ကျန်းမာရေးစောင့်ရှောက်မူအတွက်လည်း သေချာသောရာခိုင်နူန်းတစ်ခုအဖြစ် အာမခံရရှိထားကြပါသည်။

3.Demark - 36.1%

ဒိန်းမတ်တွင် ပျမ်းမျှအားဖြင့် တစ်ဦးချင်းသည် ၄၅% ပေးဆောင်ရသည်။တိုးတက်လာမူနှင့်အတူ များသောအားဖြင့် တစ်ဦးချင်းစီလျှင် ၅၅.၈% ပေးဆောင်နေရသည်။အချို့ကောက်ခံမူသည် နိုင်ငံလုံခြုံရေးအတွက်$၁၅၅,၂၇%သို့မဟုတ်၄၂%ကို နိုင်ငံတိုးတက်ရေး၊ငွေစုခြင်းအတွက်၂၇%၊ကျန်းမာရေးအတွက်၂၂.၅%မှ၂၇.၈%အဖြစ်ပါဝင်သည်။

ဘုရားကျောင်းများအတွက်အခွန်ကောက်ခံမူသည် ဂျာမနီ နိုင်ငံကဲ့သိုမြင့်မားမူမရှိပဲ .၄၃%မှ၁.၄%သာပေးဆောင်ရသည်။ထိုအခွန်သည်မိမိဆန္ဒအရသာပေးဆောင်ရခြင်း ဖြစ်သည်။ အလှူအတန်းများအတွက်လည်းအခြားနည်းများကဲ့သို့နူတ်ယူသည်။

4.Austrial – 34.9%

သြစတြီးယားနိုင်ငံတွင် သက်ဆိုင်ရာအလိုက်အခွန်ကောက်ခံ့မူမြင့်မားပါသည်။အမြင့်ဆုံးကောက်ခံမူအနေဖြင့် ၃၄.၉%ထိရှိပါသည်။နိုင်ငံသားမဟုတ်လျှင် အခြားသော အခွန်များနှင့်ပေါင်းစပ်၍ ၅၅%ရပါမည်။

ထို၅၅%သည်အကျိုးအမြတ် နှင့် လုပ်အားခများအတွက်ဖြစ်သည်။အခြားသော အခွန်ပုံစံတွင် နိုင်ငံတိုးတက်မူ နှင့် ရင်နှီးမြှုပ်နှံ ခြင်းများအတွက် ၂၇.၅% ပါဝင်သည်။

လူမူဖူလုံရေးအတွက် ၁၄% သာပေးဆောင်ရသည်။အခြားစီးပွားရေးများ တိကျသောလုပ်ငန်းများအတွက် ကုန်ကျစရိတ်များ စီးပွားရေးအတွက်ကုန်ကျစရိတ်များ နှင့် ကလေးများအတွက် ကုန်ကျစရိတ်များသည် နူတ်ယူပြီးသားဖြစ်သည်။

နိုင်ငံတကာ၏ နိူင်းယှဉ်မူအရ အဆိုပါဥရောပ လေးနိုင်ငံသည် အမြင့်ဆုံးအခွန် ဝင်ငွေများဖြစ်သည်။

ထို၄နိုင်ငံသည် အမြင့်ဆုံးဝင်ငွေရရှိသူများနှင့်အတူ အခွန်ငွေအမြင့်ဆုံးကိုပေးဆောင်ကြရပြီး ဝင်ငွေအလိုက်ကောက်ခံသောအခွန်စနစ်ကိုဖော်ပြနေပါသည်။

Taxation Read 718 times