မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများအပေါ် COVID- 19 ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှု စစ်တမ်း


09 June, 2020

COVID-19 ၏ စီးပွားရေးအပေါ် ထိခိုက်သက်ရောက်မှုကို ပိုမိုနားလည်ရန် အာရှဖောင်ဒေးရှင်းသည် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၈ရက် မှ မေလ ၁၀ရက် အတွင်း တစ်နိုင်ငံလုံး ခြုံလွှမ်းနိုင်သည့် စီးပွားရေးစစ်တမ်းတစ်ခု ကောက်ယူခဲ့ပါသည်။ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများ၏ အမြတ်အစွန်း၊ လုပ်သားအင်အား၊ ငွေကြေးရရှိမှု တို့အပေါ် COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှု နှင့် အစိုးရ၏ မူဝါဒအချို့ကြောင့် စီးပွားရေးလုပ်ငန်းများ မည်သို့ အကျိုးခံစားခဲ့ရသည်ကို လေ့လာရန်ဖြစ်ပါသည်။

ယခုစစ်တမ်းကို #မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (MBEI) စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ MBEI ၏ စီမံကိန်းအားလုံးကို DaNa Facility မှတစ်ဆင့် UKaid က ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။

 

 

အောက်တွင်ပေးထားသည့် လင့်ခ်ထဲသို့ ဝင်ရောက်ပြီး စစ်တမ်းရလဒ်များ နှင့် အဓိကတွေ့ရှိချက်များကို ဒေါင်းလုပ် ရယူနိုင်ပါသည်။ 

https://bit.ly/2Umaz3m 

Local News Industry Reviews Read 915 times