A အဆင့်ရ စက်ရုံ၊အလုပ်ရုံများ လုပ်ငန်းလည်ပတ်ဖို့လုပ်ခြင်းသည် ရေရှည်နိုင်ငံစီးပွားရေးအတွက်ဖြစ်ကြောင်း


13 October, 2020

“ အခုအချိန်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေကို လည်ပတ်နိုင်တဲ့ အခြေအနေရှိရင် လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လည်ပတ်နိုင်တဲ့ အခြေအနေဆိုတာ ဘယ်လို ပြောတာလဲဆိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ၊ စံနှုန်းတွေအရ ဖွင့်နိုင်ခြေရှိတဲ့ A အဆင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေပါ။ A အဆင့်ဆိုတာ လုံခြုံတယ်၊ စိတ်ချရတယ်ဆိုတဲ့ သဘောပါ။

 

အဲဒီ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ပြီးတော့ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် လုပ်တယ်ဆိုတာက အခု ရေတိုတင်မကပါဘူး၊ ရေရှည် ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးအတွက် ကြည့်ပြီးတော့ လုပ်ရပါတယ်။”ဟုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

 

COVID-19 ကလည်း နိုင်ငံ၏ ယခုလောလောဆယ် အခြေအနေအတွက် အရေးကြီးသလို နောင် တစ်နှစ် ၊ နှစ်နှစ် အတွက် စီးပွားရေးကိုလည်း မထိခိုက်အောင် ကြိုးပမ်းနေသကဲ့သို့ ပြည်သူပြည်သူများကလည်း ဝိုင်းပြီး ကြိုးပမ်းသည့် အနေဖြင့် ရောဂါမရရန်အတွက် ကျန်းကျန်းမာမာ ရှိအောင် နေကြပါရန်လည်း မေတ္တာရပ်ခံကြောင်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၌ အောက်တိုဘာ ၁၂ ရက် ည၈နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂၈,၆၆၈ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ ၂၉,၃၁၄ ဦး တွေ့ရှိခဲ့ကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁၀,၂၆၀ ဦး နှင့် သေဆုံးလူနာ ၆၆၄ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရပါတယ်။

MyanmarLabourNews

Local News Read 512 times