COVID-19 သက်ရောက်မှုကြောင့်ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှ ထုတ်ပေးမည့်ချေးငွေလျှောက်ထားနိုင်သည့်
လုပ်ငန်းအမျိုးအစားများ၊ သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံ အစရှိသည်တို့ကို ဖော်ပြပေးထားပါသည်။
အသေးစိတ် အချက်အလက်များကို ကြေညာချက် အပြီးတွင် ဖော်ပြပေးထားပါသည်။
COVID-19 ချေးငွေ ကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပါပြီ။
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော် အစိုးရ၏ ဒုတိယအကြိမ်မြောက် COVID-19 ချေးငွေကို ကုန်သည်စက်မှုအသင်းချုပ်ရုံးနှင့် ပြည်နယ်/တိုင်း ကုန်သည်စက်မှုအသင်းများတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်လျှောက်ထားနိုင်ပါသည်။
ပူးတွဲတင်ပြရန်လိုအပ်သောစာရွက်စာတမ်းများ၊လျှောက်လွှာပုံစံများအား https://bit.ly/3f9vL4h တွင် Download ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ဦးစားပေးလုပ်ငန်းကဏ္ဍများ
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ
- ပြည်ပပို့ကုန်ထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ
- သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ
- ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည် အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက်ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ
- စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ
- ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းများ
လျှောက်လွှာလက်ခံချိန်
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၀၉:၃၀ နာရီမှ စတင်လက်ခံ၍ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၄း၃၀ နာရီ အထိ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။
လျှောက်လွှာလက်ခံရာနေရာ
ကုန်သည်စက်မှုအသင်းချုပ်ရုံး (UMFCCI)
အမှတ်(၂၉)၊မင်းရဲကျော်စွာလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။
ချေးငွေလျှောက်ထားသူများအနေဖြင့် လျှောက်ထားရာတွင် သိထားသင့်သော အချက်များ
• ဖော်ပြပါဦးစားပေးလုပ်ငန်းကဏ္ဍတွင် အကျုံးဝင်သော လုပ်ငန်းများသာ လျှောက်ထားနိုင်သည်။
• ချေးငွေခွင့်ပြုရာတွင် ဦးရာလူထုတ်ပေးခြင်းမဟုတ်ဘဲ စာရွက်စာတမ်းပြည့်စုံမှု ၊ ချေးငွေပြန်ဆပ်နိုင်မှု တို့အပေါ်မူတည်၍ ခွင့်ပြုပေးခြင်းဖြစ်ပါသဖြင့် အလျင်စလို လာရောက် လျှောက်ထားခြင်းထက် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံအောင်ဖြည့်ဆည်းပြီးမှသာ လျှောက်ထားသင့်ကြောင်း အသိပေးအပ်ပါသည်။
• ပထမအကြိမ် COVID 19 ချေးငွေရရှိထားပြီးသူများအနေဖြင့် ထပ်မံလျှောက်ထား၍ မရပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်