ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအတွက် ကိုဗစ်-၁၉ ချေးငွေရရှိသည့် ကုမ္ပဏီများစာရင်း


28 January, 2022

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအတွက် ကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေရရှိသည့် ကုမ္ပဏီ/လုပ်ငန်းများစာရင်း ထုတ်ပြန်ကြေညာ


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ဆုံးဖြတ်ချက်အရ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲ စာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၁၁၆) ခု သို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်ကြောင်း ကြေညာထားပါသည်။
ချေးငွေလျှောက်လွှာများကို ဆက်လက်စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်းနှင့် ချေးငွေထုတ်ယူခွင့် ရရှိသူများအနေဖြင့် ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါချေးငွေ ရရှိသည့် ကုမ္ပဏီစာရင်းကို ဖော်ပြအပ်ပါသည်။ 


 

Banking & Loan Read 243 times