COVID-19 ရောဂါဗီဇ ပြောင်းလဲခြင်းကြောင့် ခရီးသွားလာခြင်းများကို ပိတ်ဆို့တားမြစ်ထားသော်လည်း UKသည် ကမ္ဘာလှည့်ခရီးသည်များကို ဆက်လက်ဆွဲဆောင်နိုင်ရန် မကာအိုတွင် London Covid-free version အပန်းဖြေစခန်းကို ဖွင့်လှစ်ထားပါတယ်။
ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိသည့် Londoner Macao လောင်းကစားရုံအပန်းဖြေစခန်းတွင် ဧည့်ခန်းပါဟိုတယ်ခန်းများ၊ လန်ဒန်ရှိBig Benနာရီစင်ပုံတူနှင့် Gordon Ramsay စားသောက်ဆိုင်တစ်ဆိုင်ပါဝင်ပါတယ်။ သို့သော် လန်ဒန်မြို့ကိုinspireလုပ်ပြီး ဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် အစစ်အမှန်လောက်တော့ အသက်မဝင်ပါ။ ၂၀၂၀ဇူလိုင်လမှ စတင်၍ COVID-19 ဖြစ်ပွားမှုကို မဖော်ပြခဲ့သည့် မကာအိုသည် တရုတ်ပြည်မကြီးမှလွဲ၍ အခြားသော ခရီးသွားများအတွက် ခရီးသွားလာခြင်းကို ပိတ်ထားဆဲဖြစ်သည်။ တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုရှိသော်လည်း coronavirus ရောဂါစစ်ဆေးမှုနှင့် ဆက်စပ်သောလုပ်ထုံးလုပ်နည်းဆိုင်ရာအခက်အခဲများကြောင့် ထင်သလောက်အမြတ်မရခဲ့ပါ။ သို့သော် ဒီနှစ်မှာတော့ Londoner အတွက်အလားလာကောင်းတွေရှိနိုင်သည် ဟုခန့်မှန်းထားကြပါတယ်။
Bain & Co., နှင့် Alibaba Group Holding ကုမ္ပဏီ၏ ပြောပြချက်များအရ ၂၀၂၀ ခုနှစ်တွင် ဇိမ်ခံပစ္စည်းများရောင်းချမှု ၄၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါတယ်။ တရုတ်ပြည်ရဲ့ ပြန်လည်ကောင်းမွန်လာသော စီးပွားရေးတိုးတက်မှုတွေကြောင့် Londoner Macao လောင်းကစားရုံအပန်းဖြေစခန်:အတွက် မျှော်လင့်ချက်ကောင်းတွေရှိလာပါတယ်။ အပန်းဖြေစခန်းပိုင်ရှင် Robert Goldstein က “နောင်အနာဂတ်တွင်လည်း မကာအိုသည် စိတ်အပန်းဖြေရန် အကောင်းဆုံးနေရာတစ်ခုအဖြစ်ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိနေမယ်ဆိုတာကို ကျွန်တော်ယုံကြည်တဲ့အတွက် Londonerတွင် ရင်းနှီးမြှပ်နှံခဲ့ပါတယ်" ဟုပြောကြားခဲ့ပါတယ်။
အပန်းဖြေစခန်း၏ မျက်နှာစာကို Westminster နန်းတော်နှင့်တူအောင် ပြန်လည်ပြုပြင်ထားပါသည်။ ပြုပြင်မွမ်းမံနေသောအပန်းဖြေစခန်း၏ ပထမအဆင့်အဖြစ် Londoner Hotelကို အရင်ကရှိသော အခန်းပေါင်း ၁,၂၀၀ရဲ့နေရာတွင် ဧည့်ခန်းပါသောsuiteပေါင်း ၆၀၀ ဖြင့်ပြောင်းလဲ၍ အသစ်ဖန်တီးခဲ့သည်။ အပန်းဖြေစခန်းမှာလည်း Suitesပေါင်း၃၇၀ အပြင် အားကစားကွင်းအသစ်၊ ပြဇာတ်ရုံအသစ် ပြန်လည်ဆောက်လုပ်ခဲ့ပါတယ်။ အပန်းဖြေစခန်းအသစ်ဖွင့်ပွဲကို Londoner Macao's chairman ဖြစ်သော Sheldon Adelson ရဲ့အသုဘအခမ်းအနားအပြီး တစ်ပတ်အကြာတွင် အပန်းဖြေစခန်းအသစ်ဖွင့်ပွဲကိုပြုလုပ်ခဲ့ပါတယ်။
မြို့၏လောင်းကစားအသားတင်အမြတ်သည် ၇၁.၁% ထိကျဆင်းခဲ့ပြီး ၂၀၂၀တွင် ဒေါ်လာ ၂၀.၈၇ဘီလီယံသို့ မြင့်တက်လာခဲ့သည်။ ထိုတိုးတက်မှု့သည် တရုတ်ခရီးသွားဧည့်သည်များ ပြန်လည်ရောက်ရှိလာခြင်းနှင့် စီးပွားရေးကောင်းမွန်လာခြင်းကြောင့် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ Sands ၏ပြိုင်ဘက်များဖြစ်သော SJM Holdings နှင့် Galaxy Entertainment Group တို့သည် ယခုနှစ်နှောင်းပိုင်းတွင် သူတို့၏ပိုင်ဆိုင်မှုအဖွနှင့်အတူ စီးပွါးရေးကိုပြန်လည်ဦးဆောင်လာနိုင်ကြပါတယ်။ Morgan Stanley မှလေ့လာဆန်းစစ်သူ Praveen Choudharyက “စျေးကွက်အတွင်းအမြတ်များများရချင်ရင် ပိုမိုရင်းနှီးမြှပ်နှံသင့်ပါတယ်" ဟုပြောကြားခဲ့သည်။
အချို့သော external trends များသည် Macao လောင်းကစားရုံကို အကျိုးပြုပါသည်။ COVID နှင့်သက်ဆိုင်သောခရီးသွားလာခွင့်ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံသည်အခြားနိုင်ငံများသို့ ခရီးသွားခြင်းကို ပိတ်ပင်ထားသဖြင့် တရုတ်တွေအတွက် မကာအိုအပြင်အခြားသွားလာစရာနေရာမရှိပေ။ အွန်လိုင်းလောင်းကစားလုပ်ခြင်းနှင့် နိုင်ငံရပ်ခြားတွင်လောင်းကစားလုပ်ခြင်း ပြစ်ဒဏ်များကိုသတိပြုမိပြီး Choudhary က ဇန်နဝါရီ ၇ ရက်တွင် “စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်သို့ လောင်းကစားအပျော်ခရီးစဉ်တွေမသွားနိုင်တော့တဲ့အတွက် မကာအိုအတွက် မျှော်လင့်ချက်ကောင်းတွေ ရှိလာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။ မကာအိုရှိလောင်းကစားရုံ အမြတ်ငွေစုစုပေါင်းဝင်ငွေသည် ယခုနှစ်တွင် ၆၀.၄ ဘီလီယံ မှ ၁၈၈.၉၅ ဘီလီယံအထိတိုးလာမည်ဟု ယူဆထားသည်။ လာမည့်နှစ်တွင်တော့ အမြတ်ငွေ ၂၇၅.၈၇ ဘီလီယံထိတိုးနိုင်ကြောင်း မျှော်လင့်ရပါသည်။