ကိုဗစ်ရန်ပုံငွေလက်ကျန် ကျပ် ၄၀၀ ဘီလီယံကို  ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား  ထုတ်ချေးမည်


23 July, 2022

ကိုဗစ်ရန်ပုံငွေလက်ကျန် ကျပ် ၄၀၀ ဘီလီယံကို  ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား  ထုတ်ချေးမည်

ကိုဗစ်ရန်ပုံငွေလက်ကျန် ကျပ် ၄၀၀ ဘီလီယံကို  ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား  ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။ 


ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသည် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ရှိ ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁.၉၇၈ ဘီလီယံဖြစ်ပါသည်။

ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ များစွာကျဆင်းသွားပြီ ဖြစ်ရာ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသော နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အထက်ပါ ရန်ပုံငွေ လက်ကျန်မှ ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသော စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှု ဆိုင်ရာလုပ်ငန်းများနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း များ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်း သက်သာသော ချေးငွေများကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်စိစစ် ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

Banking & Loan Read 600 times