ဒုတိယအကြိမ် COVID-19 ချေးငွေ ပထမအသုတ် ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ အသိပေးအကြောင်းကြားချက်ကို ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)မှ ထုတ်ပြန်ထားပါသည်။
၁။ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ဒုတိယအကြိမ် COVID-19 Fund မှ ထုတ်ပေးမည့် ချေးငွေ လျှောက်ထားသည့်လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း (၁၀၄၁) ခုအား ချေးငွေထုတ်ယူခွင့်ကို ၂၂.၉.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ချေးငွေထုတ်ယူခွင့်ရရှိသူများအား ကော်မတီ၏ ခွင့်ပြုမိန့် စာရွက် ရရှိလာသည့်အခါ ထုတ်ပေးနိုင်ရေးနှင့် ဘဏ်လုပ်ငန်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ချေးငွေထုတ်ပေးနိုင်ရေးတို့အတွက် ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် အဆင့်ဆင့် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။
၃။ ယင်းလုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်မည့် နေ့ရက်ကို UMFCCI Facebook Page နှင့် UMFCCI Website တွင် အသိပေးကြေညာသွားမည်ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများသို့လည်း တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
၄။ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် (Stay at Home) ကာလ လုပ်ငန်း ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှု တစ်စုံတရာ ရှိခဲ့ပါကနားလည်ပေးနိုင်ပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)