ဗုဒ္ဓဟူးနေ့မှာ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးပြန်ကျ


03 March, 2022

ဗုဒ္ဓဟူးနေ့မှာ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးပြန်ကျ

ဗုဒ္ဓဟူးနေ့ မတ်လ ၂ ရက်မှာ မလေးရှားနိုင်ငံ Bursa Malaysia Derivatives (Malaysia Derivatives Exchange)  မှာ စားအုန်းဆီကြမ်း  crude palm oil (CPO) ကြိုပွိုင့် အရောင်းအဝယ်စာချုပ်ကြတာမှာ အင်္ဂါနေ့ထက် ဈေးပြန်ကျသွားခဲ့ပါတဘ်လို့ ကုန်သည်များက ပြောကြားပါတယ်။ 

စင်ကာပူအခြေစိုက် စားအုန်းဆီလေ့လာဆန်းစစ်မှု လုပ်ငန်း ဖြစ်တဲ့ Palm Oil Analytics ပိုင်ရှင်နှင့် ပူးတွဲထူထောင်သူ Dr Sathia Varqa က ပြောပြခဲ့တာမှာ ဗုဒ္ဓဟူးနေ့မှာ စီပီအို ဈေးအတက်အကျများ ဖြစ်ပေါ်နေခဲ့ပြီး အမြတ်ရဖို့ ထုတ်ရောင်းကြတာတွေလည်း များခဲ့တဲ့အတွက် ဈေးမငြိမ်ခဲ့ဘူးလို့ ဆိုပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ အမြင့်ဆုံးဈေး  စံချိန်တင်ခဲ့တာက မေလအတွက် ကြိုပွိုင့်ဝယ်တဲ့ စားအုန်းဆီကြမ်း ဈေးနှုန်းဖြစ်ပြီး တစ်တန်လျှင် ရင်းဂစ် ၇,၁၀၈ ဖြစ်ခဲ့ပါတယ်။ ယူကရိန်းအရေးအခင်းကြောင့် နေကြာဆီ ပြတ်လပ်မှုက မေလမှာ ပြင်းထန်လိမ့်မယ်လို့ အချို့က ခန့်မှန်းထားကြလို့ မေလအတွက် ကြိုပွိုင့် ဈေးထိုးတက်ကုန်တယ်လို့ သူက ပြောကြားပါတယ်။ 


ယူကရိန်းမှ စားဆီ ယာယီအားဖြင့် မရနိုင်တဲ့အကြောင်းကို ဖတ်ရှုလိုပါက ဖော်ပြပါ ခေါင်းစဉ်ငယ်ကို ထိပါ

စားအုန်းဆီကြမ်း တစ်တန် ရင်းဂစ် ၈,၀၀၀ ကျော်အထိ မြောက်တက်

 


ဗုဒ္ဓဟူးနေ့ မတ်လ ၂ ရက်  CPO တစ်တန်အတွက် ကြိုပွိုင့် အပိတ်ဈေးတွေက  
ယခု မတ်လအတွက် ရင်းဂစ် ၇,၈၁၂ ဖြစ်ပြီး
ဧပြီလအတွက် ရင်းဂစ် ၇,၁၉၉  ဖြစ်ပါတယ်။
မေလအတွက် ရင်းဂစ် ၆,၂၆၈ ဖြစ်ပါတယ်။ 
ဇွန်လနှင့် ဇူလိုင်လအတွက် ရင်းဂစ် ၅,၉၃၂ ဖြစ်ပါတယ်။
ဩဂုတ်လအတွက် ရင်းဂစ် ၅,၇၂၀ ဖြစ်ပါတယ်။

Agriculture & Livestock Read 5263 times